ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော်ဒါကာ၌ ၂၀၂၅ ခုနှစ်တွင်လမ်းမတော်တဆမှုများကြောင့် ၂၀၀ ကျော် သေဆုံး၊ ၅၁၁ ဦး ဒဏ်ရာရရှိ
ဇန်နဝါရီ ၂၂
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာ၌ ၂၀၂၅ ခုနှစ်တွင် လမ်းမတော်တဆမှု ၄၀၉ မှုတွင် ၂၁၉ ဦး သေဆုံးပြီး ၅၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယမန်နေ့က အစီရင်ခံစာတစ်စောင်တွင် ဖော်ပြခဲ့သည်။
အစိုးရမဟုတ်သောအဖွဲ့အစည်းတစ်ခုဖြစ်သည့် လမ်းဘေးကင်းရေးဖောင်ဒေးရှင်း၏အစီရင်ခံစာအရ လမ်းသွားလမ်းလာများသည် အထိခိုက်လွယ်ဆုံးအုပ်စုဖြစ်ပြီး လမ်းမတော်တဆမှုကြောင့်သေဆုံးမှုအားလုံး၏ ထက်ဝက်နီးပါး (၄၇ ဒသမ ၀၃ ရာခိုင်နှုန်း) ရှိသည်ဟု သိရသည်။
မော်တော်ဆိုင်ကယ်စီးသူများနှင့် ခရီးသည်များသည်လည်း ၄၃ ဒသမ ၃၇ ရာခိုင်နှုန်းရှိကြောင်း ၎င်းက ပြောကြားခဲ့ပြီး ကျန် ၉ ဒသမ ၅၈ ရာခိုင်နှုန်းသည် ဘတ်စ်ကားများ၊ သုံးဘီးယာဉ်များနှင့် အခြားယာဉ်များ၏ ယာဉ်မောင်းများနှင့် ခရီးသည်များဖြစ်ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
ယာဉ်ချို့ယွင်းမှု၊ တူညီသောလမ်းများပေါ်တွင် မတူညီသောသယ်ယူပို့ဆောင်ရေးပုံစံ အမျိုးမျိုး၊ ယာဉ်မဆင်မခြင်မောင်းနှင်မှုတို့ကဲ့သို့သော လမ်းမတော်တဆမှုများ၏ အဓိကအကြောင်းရင်း ကိုးခုကို ထိုအဖွဲ့အစည်းက ဖော်ထုတ်ခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments