တရုတ်နှစ်သစ်ကူးကာလအတွင်း ခရီးသည် ၉ ဒသမ ၅ ဘီလီယံ စံချိန်တင် ခရီးစဉ်များ ရှိမည်ဟု တရုတ်မျှော်လင့်



ဇန်နဝါရီ ၃၀

တရုတ်အစိုးရက ယခုနှစ်တွင် တရုတ်နှစ်သစ်ကူးကာလအတွင်း ခရီးသည် ၉ ဒသမ ၅ ဘီလီယံ စံချိန်တင် ခရီးစဉ်များ ရှိမည်ဟု မျှော်လင့်ကြောင်း ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၂ ရက်နေ့တွင် စတင်မည့် ရက် ၄၀ အတွင်း ခန့်မှန်းထားသော ခရီးစဉ်များ၏ ၈၀ ရာခိုင်နှုန်းခန့်သည် ကိုယ်ပိုင်ယာဉ်များဖြင့် သွားလာကြလိမ့်မည်ဟု တရုတ်တာဝန်ရှိသူများက ယမန်နေ့က ပြောကြားခဲ့သည်။ လေကြောင်းဖြင့် ၉၅ သန်းနှင့် ရထားလမ်းဖြင့် သန်း ၅၀၀ ကျော်  သွားလာမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

နှစ်နိုင်ငံဆက်ဆံရေး ယိုယွင်းလာမှုကြောင့် ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်သူဦးရေ ကျဆင်းသွားဖွယ်ရှိသည်။

ဂျပန်နိုင်ငံသည် ယမန်နှစ်က တရုတ်နှစ်သစ်ကူးအားလပ်ရက်အတွင်း တရုတ်ခရီးသွားများအတွက် ရေပန်းအစားဆုံး ပြည်ပခရီးစဉ်ဖြစ်သည်။ ယခုနှစ်တွင် ဂျပန်သည် ထိပ်ဆုံး ၁၀ နိုင်ငံစာရင်းမှ ကျဆင်းသွားပြီး အရှေ့တောင်အာရှရှိ ခရီးစဉ်များ ရေပန်းစားလာသည်ဟု တရုတ်မီဒီယာများက ဖော်ပြခဲ့သည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.