ဇီးကုန်းမြို့နယ်၌ လက်ဆွဲမျိုးစေ့ချကိရိယာများ လွှဲပြောင်းပေးအပ်
ဇီးကုန်း ဇန်နဝါရီ ၂၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့်
ထုတ်လုပ်သော လက်ဆွဲမျိုးစေ့ချကိရိယာများအား
တောင်သူများထံသို့ လွှဲပြောင်းပေးအပ်ပွဲကို ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌
ဇန်နဝါရီ ၁၉ ရက်က ကျင်းပခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်အောင်က လက်ဆွဲမျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းသည်
ကုန်ကျစရိတ်အနည်းဆုံးဖြစ်ပြီး အလွယ်တကူ လိုက်နာကျင့်သုံးနိုင်သည့် စပါးစိုက်နည်း စနစ်တစ်ခုဖြစ်ကြောင်း၊
ပန်းတိုင်အထွက်နှုန်းရရှိနိုင်သည့် လက်ဆွဲမျိုးစေ့ချကိရိယာဖြင့် စပါးစိုက်ပျိုးသည့်စနစ်ကို
ကျယ်ကျယ်ပြန့်ပြန့် လိုက်နာဆောင်ရွက်နိုင်ရေး၊ လက်ဆွဲမျိုးစေ့ချကိရိယာများကို လယ်ယာလုပ်ငန်းခွင်တွင်
အကျိုးရှိစွာ အသုံးချနိုင်ရေး ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက
လက်ဆွဲမျိုးစေ့ချကိရိယာ အသုံးပြုပုံနှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး
မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက တောင်သူများထံ
လက်ဆွဲမျိုးစေ့ချကိရိယာ ၁၁၅ ခုအား ပထမအကြိမ်အဖြစ် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)

No comments