သီရိလင်္ကာနိုင်ငံ၌ ၂၀၂၅ ခုနှစ်တွင် လက်ဖက်တင်ပို့မှုပမာဏမြင့်မား၊ ဝင်ငွေမြင့်တက်မှုရှိလာ
ဇန်နဝါရီ ၂၃
သီရိလင်္ကာနိုင်ငံ၏ လက်ဖက်တင်ပို့မှုသည် ၂၀၂၅ ခုနှစ်တွင် တင်ပို့မှုပမာဏမြင့်မားပြီး ဝင်ငွေမြင့်တက်မှုရှိလာရာ ၂၀၂၄ ခုနှစ်ကလက်ဖက်တင်ပို့မှုပမာဏနှင့်နှိုင်းယှဉ်ပါက တင်ပို့မှုနှင့်ပို့ကုန်ဝင်ငွေ ပိုမိုမြင့်မားခဲ့သည်ဟု သိရသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ စုစုပေါင်း လက်ဖက်တင်ပို့မှု ကီလိုဂရမ်၂၅၇ ဒသမ ၄၄ သန်း အထိ ရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်ကထက် ကီလိုဂရမ် ၁၁ ဒသမ ၆၅ သန်း မြင့်တက်လာခဲ့သည်။ ပို့ကုန်ဝင်ငွေသည် ယခင်နှစ်က ရူပီး ၄၃၃ ဒသမ ၅၀ ဘီလီယံမှ ရူပီး ၄၅၃ ဒသမ ၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၆ ဘီလီယံ) အထိ မြင့်တက်လာခဲ့သည်။
၂၀၂၄ ခုနှစ်တွင် ရူပီး ၁၇၆၃ ဒသမ ၆၁ ရှိခဲ့ရာမှ ယခုနှစ်အတွက် ပျမ်းမျှအခမဲ့တင်ပို့မှု (FOB) တန်ဖိုးသည် ဒေသတွင်းငွေကြေးအရ တစ်ကီလိုလျှင် ရူပီး ၁၇၆၀ ဒသမ ၇၀ ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ရူပီး ၁၇၆၃ ဒသမ ၆၁ ရှိခဲ့သည်။ ပျမ်းမျှအခမဲ့တင်ပို့မှုတန်ဖိုးသည် တစ်ကီလိုလျှင် ၅ ဒသမ ၈၅ ဒေါ်လာအထိ အနည်းငယ် မြင့်တက်လာခဲ့သည်။
တင်ပို့မှုပမာဏများသည် ယခုနှစ်အတွင်း ထုတ်ကုန်ကဏ္ဍအများစုတွင် တိုးလာခဲ့ပြီး ထုပ်ပိုးထားသော လက်ဖက်ခြောက်၊ လက်ဖက်ခြောက်အိတ်များနှင့် လက်ဖက်စိမ်းတို့တွင် စံချိန်တင်တိုးတက်လာကာ ၂၀၂၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက လက်ဖက်ခြောက်တင်ပို့မှု ကျဆင်းသွားကြောင်း ဖော်ပြထားသည်။
၂၀၂၅ ခုနှစ်တွင် အီရတ်နိုင်ငံသည် သီရိလင်္ကာလက်ဖက်ခြောက် အများဆုံးတင်သွင်းသူအဖြစ် ဆက်လက်ရှိနေပြီး ရုရှားနှင့် တူရကီနိုင်ငံတို့သည် ဒုတိယနေရာတွင် ရပ်တည်ခဲ့ကြောင်း သီရိလင်္ကာအကောက်ခွန်နှင့် ဗဟိုဘဏ်ငွေလဲနှုန်းများမှ ကိန်းဂဏန်းများကို အသုံးပြု၍ Forbes နှင့် Walker Research မှ စုစည်းထားသော စက်မှုလုပ်ငန်းဒေတာများအရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments