(၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာအားကစားသမားများက ရေကူးနှင့် ပြေးခုန်ပစ်အပါအဝင် အားကစားနည်းများမှ ယနေ့အထိ ရွှေတံဆိပ် ၁၁ ခု၊ ငွေတံဆိပ် ၁၀ ခုနှင့် ကြေးတံဆိပ် ၁၄ ခု ဆွတ်ခူးရရှိ
ထိုင်း ဇန်နဝါရီ ၂၃
၂၀၂၆ ခုနှစ်
ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်အထိ ထိုင်းနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့်
(၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကို ထိုင်းနိုင်ငံ
ဗန်ကောက်မြို့နှင့် နာခွန်ရစ်ချာဆီးမား (ခိုရတ်) မြို့များရှိ အားကစားကွင်း/ အားကစားရုံများ၌
ဆက်လက်ကျင်းပခဲ့ရာ ဇန်နဝါရီ ၂၃ ရက် တွင် မြန်မာအသင်းအနေဖြင့် ပြေးခုန်ပစ်၊ ရေကူး၊
ထိုင်လျက် ဘော်လီဘော၊ (မျက်မမြင်) ဂိုးလ်ဘော၊ ခုနစ်ယောက်တစ်ဖက်ဘောလုံး၊
(မျက်မမြင်) စစ်တုရင်၊ သေနတ်ပစ်၊ အလေးမနှင့် ဘိုစီယာအားကစားနည်းများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ယနေ့
ဒေသစံတော်ချိန် နံနက် ၉ နာရီမှ စတင်၍ ရေကူးပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ရာ (SB3) အမျိုးသား မီတာ ၅၀ ရင်ပေါင်တန်းကူးပြိုင်ပွဲတွင်
ညီညီလင်းထက်က ရွှေတံဆိပ်၊ ပြေးခုန်ပစ် အားကစားနည်းမှ F64 အမျိုးသား သံပြားဝိုင်းပစ်ပြိုင်ပွဲတွင်
တပ်ကြပ်ရဲမင်းစိုးက ရွှေတံဆိပ်၊ T64 အမျိုးသား မီတာ
၄၀၀ အပြေးပြိုင်ပွဲတွင် အောင်မြင့်ဌေးက ရွှေတံဆိပ်၊ T42, T44, T64 အမျိုးသမီး အလျားခုန်ပြိုင်ပွဲတွင် နန်းစန်းရတနာထွန်းက
ရွှေတံဆိပ်၊ (SB6) အမျိုးသားမီတာ ၅၀
ရင်ပေါင်တန်းကူး ပြိုင်ပွဲတွင် နန္ဒစိုးမင်းက ငွေတံဆိပ်၊ F64 အမျိုးသား သံပြားဝိုင်းပစ်ပြိုင်ပွဲတွင် ဒုတပ်ကြပ်
ဟိန်းထက်လှိုင်က ငွေတံဆိပ်၊ T47 အမျိုးသား မီတာ
၄၀၀ အပြေးပြိုင်ပွဲတွင် ဒုတပ်ကြပ် စံတင်က ငွေတံဆိပ်၊ F41 အမျိုးသမီး သံလုံးပစ်ပြိုင်ပွဲတွင် ချောဧကရီက ကြေးတံဆိပ်၊ F64 အမျိုးသမီး လှံတံပစ်ပြိုင်ပွဲတွင် စိန်ဖော့က ကြေးတံဆိပ်၊ T42, T44, T63 အမျိုးသား အမြင့်ခုန်ပြိုင်ပွဲတွင် ဇော်မင်းထွန်းက ကြေးတံဆိပ်၊
T64 အမျိုးသား မီတာ ၄၀၀ အပြေးပြိုင်ပွဲတွင် ဒုတပ်ကြပ် ထက်အောင် က ကြေးတံဆိပ်၊ T42, T44, T64 အမျိုးသမီး အလျားခုန်ပြိုင်ပွဲတွင် လော်လာဝင်းက
ကြေးတံဆိပ်၊ (မျက်မမြင်) စစ်တုရင် သုံးယောက်တွဲ အသင်းလိုက်ပွဲစဉ်တွင် ကောင်းစံ၊
မျိုးစံအောင်နှင့် သန့်ဇင်ဦးတို့အတွဲက ကြေးတံဆိပ်ဆုများ ဆွတ်ခူးရရှိခဲ့သည်။
ယမန်နေ့
ညနေပိုင်းပြိုင်ပွဲ ပွဲစဉ်များတွင် ပြေးခုန်ပစ် အားကစား နည်း T44, T64 အမျိုးသား မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် တပ်ကြပ်ကြီး စိုးပေက ငွေတံဆိပ်၊ အောင်မြင့်ဌေးက
ကြေးတံဆိပ်၊ T44, T64 အမျိုးသမီး မီတာ ၁၀၀
အပြေးပြိုင်ပွဲ တွင် လော်လာဝင်းက ကြေးတံဆိပ်၊ T46 အမျိုးသား မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် အောင်မြင့်မြတ်က ကြေးတံဆိပ်၊ T46, T47 အမျိုးသား အမြင့်ခုန်ပြိုင်ပွဲတွင် အောင်မြင့်မြတ်က
ကြေးတံဆိပ်၊ စားပွဲတင် တင်းနစ် Class–7 အမျိုး အစား တစ်ဦးချင်းပြိုင်ပွဲတွင်
တိုးတက်အောင်က ကြေးတံဆိပ် တို့ကို ထပ်မံဆွတ်ခူးရရှိခဲ့သည်။
ပြိုင်ပွဲများတွင်
ရွှေတံဆိပ်ဆု တစ်ဆုလျှင် ဒေါ်လာ ၃၀၀၊ ငွေတံဆိပ်ဆု တစ်ဆုလျှင် ဒေါ်လာ ၂၀၀ နှင့်
ကြေးတံဆိပ်ဆု တစ်ဆုလျှင် ဒေါ်လာ ၁၀၀ တို့ကို ဆုပေးပွဲ အခမ်းအနား
ကျင်းပပြီးချိန်တွင် နိုင်ငံတော်ကိုယ်စား မြန်မာနိုင်ငံမသန်စွမ်း
အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးက ပေးအပ် ချီးမြှင့်ခဲ့သည်။
မြန်မာနိုင်ငံ
မသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးနှင့် အဖွဲ့သည် 80th Birthday
Anniversary Stadium အတွင်း ကျင်းပလျက်ရှိသည့်
ထိုင်လျက်ဘော်လီဘောပြိုင်ပွဲ မြန်မာအသင်း နှင့် အိမ်ရှင်ထိုင်းအသင်းတို့၏
ယှဉ်ပြိုင်ကစားနေမှုကိုလည်းကောင်း၊ ရေကူးပြိုင်ပွဲတွင် မြန်မာမသန်စွမ်း
ရေကူးအားကစားအဖွဲ့ ယှဉ်ပြိုင်နေမှုကိုလည်းကောင်း၊ ပြေးခုန်ပစ်ပြိုင်ပွဲတွင်
မြန်မာမသန်စွမ်း ပြေးခုန်ပစ်အားကစားအဖွဲ့ ယှဉ်ပြိုင်နေမှုကိုလည်းကောင်း၊
သေနတ်ပစ်အားကစားနည်းမှ 10m Men’s Air Pistol ဗိုလ်လုပွဲ
ပြိုင်ပွဲယှဉ်ပြိုင်နေမှုကိုလည်းကောင်း၊ မွန်းလွဲပိုင်းတွင် Center Point
Hotel Terminal 21(Korat)ရှိ အလေးမအားကစားရုံတွင်
မြန်မာမသန်စွမ်း အလေးမအားကစားအဖွဲ့ ယှဉ်ပြိုင်နေမှုကိုလည်းကောင်း လိုက်လံကြည့်ရှုအားပေးခဲ့သည်။
ယနေ့ယှဉ်ပြိုင်သော ထိုင်လျက်ဘော်လီဘော အားကစားနည်း
အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်တွင် မြန်မာအသင်းက အိမ်ရှင်ထိုင်း အသင်းကို သုံးပွဲ- နှစ်ပွဲဖြင့်
လည်းကောင်း၊ ခုနစ်ယောက်တစ်ဖက် ဘောလုံး (အမျိုးသား) အုပ်စု ပတ်လည်ပြိုင်ပွဲ
ပွဲစဉ်တွင် မြန်မာအသင်းက ဖိလစ်ပိုင်အသင်းကို ၂၂ဂိုး-ဂိုး(မရှိ)ဖြင့် လည်းကောင်း
အနိုင်ရရှိခဲ့သည်။
ဇန်နဝါရီ ၂၄
ရက်တွင် မြန်မာမသန်စွမ်း အားကစားအဖွဲ့အနေဖြင့် ပြေးခုန်ပစ်၊ ရေကူး၊
ခုနစ်ယောက်တစ်ဖက် ဘောလုံး၊ ထိုင်လျက်ဘော်လီဘော၊ (မျက်မမြင်) စစ်တုရင်၊ အလေးမ၊
ဘိုးလင်းနှင့် စားပွဲတင်တင်းနစ် အားကစားနည်းတို့ကို ဆက်လက်ဝင်ရောက်
ယှဉ်ပြိုင်ကစားသွားမည် ဖြစ်သည်။
(၁၃)ကြိမ်မြောက်
အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် မြန်မာမသန်စွမ်းအားကစားအဖွဲ့ အနေဖြင့်
ဇန်နဝါရီ ၂၃ ရက် ပြိုင်ပွဲများအပြီးတွင် ရွှေတံဆိပ် ၁၁ ခု၊ ငွေတံဆိပ် ၁၀ ခုနှင့်
ကြေးတံဆိပ် ၁၄ ခု စုစုပေါင်းဆုတံဆိပ် ၃၅ ခု ဆွတ်ခူးရရှိထားပြီး နိုင်ငံအလိုက်
အဆင့် (၆) တွင် ဆက်လက် ရပ်တည်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
No comments