ဗီယက်နမ်အလယ်ပိုင်း၌စစ်ဘက်ဆိုင်ရာလေယာဉ်တစ်စင်းပျက်ကျမှုဖြစ်ပွား



ဇန်နဝါရီ ၂၈

ဗီယက်နမ်နိုင်ငံတွင် စစ်ဘက်ဆိုင်ရာလေယာဉ်တစ်စင်းသည် နိုင်ငံအလယ်ပိုင်း Dak Lak ပြည်နယ်ရှိ တောင်တန်းဒေသတစ်ခုတွင် ယနေ့မနက်ပိုင်းက ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါလေယာဉ်ပျက်ကျမှုဖြစ်ပွားချိန်တွင် လေယာဉ်မှူးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခဲ့ပြီး ထိခိုက်ဒဏ်ရာများရရှိသဖြင့် အရေးပေါ်ကုသမှုခံယူရန် ဆေးရုံသို့ ပို့ဆောင်ခံခဲ့ရသည်ဟု သိရသည်။

ဒေသခံအာဏာပိုင်များက ယင်းဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.