ပရီမီယာလိဂ်ပွဲစဉ် (၂၃) တွင် မန်စီးတီး၊ ဝက်စ်ဟမ်း၊ ဖူလ်ဟမ်တို့ နိုင်ပွဲရပြီး လီဗာပူး ရှုံးပွဲကြုံ
ပရီမီယာလိဂ်ပွဲစဉ် (၂၃) မှ အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်သည့် ဘုန်းမောက်နှင့်
နာမည်ကြီး လီဗာပူး အသင်းပွဲစဉ်ကို ဇန်နဝါရီ ၂၅ ရက် နံနက်အစောပိုင်းက ဗိုက်တာလစ်တီကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ
အဒ်လီ၏ နောက်ကျသွင်းဂိုးကြောင့် ဘုန်းမောက်က
လီဗာပူးအသင်းကို သုံးဂိုး- နှစ်ဂိုးဖြင့် နိုင်ပွဲ ရရှိခဲ့သည်။
လီဗာပူးအသင်းသည် ဆာလာ၊ ဂတ်ပို၊
ဝစ်ဇ်၊ ဆာဘော့ဆလိုင်းစသည့် အဓိက ကစားသမား အများစုဖြင့်
ဘုန်းမောက်အသင်းကို ရင်ဆိုင်လာသော်လည်း ခံစစ်အဆိုးရွားဆုံးအသင်းထဲ ပါဝင် နေသော
ပြိုင်ဘက်အသင်း၏ ကျစ်လျစ်မာကျောသည့် ခံစစ်ကို ထိုးဖောက်ကျော်ဖြတ်နိုင်စွမ်း
မရှိပေ။
ဘုန်းမောက်အသင်းသည် လီဗာပူးအသင်း၏
ဖိအားပေးကစားမှုအောက် ခက်ခက်ခဲခဲရုန်းကန် ခဲ့ရသော်လည်း ရရှိလာသည့်အခွင့်အရေးများကို
အမိအရအသုံးချကာ သွင်းဂိုးများအဖြစ် ပြောင်းလဲ
ပြီး ရမှတ်အပြည့်ရယူနိုင်ခဲ့သည်။ လီဗာပူးအသင်းသည်
ဘောလုံးပိုင်ဆိုင်မှုပိုင်းတွင် ဘုန်းမောက် အသင်းကို အသာရခဲ့သော်လည်း ဂိုးရရှိနိုင်သည့်
အခွင့်အရေးဖန်တီးမှုပိုင်းနှင့် ဂိုးပေါက်တည့်မတ်
မှုပိုင်းတွင် ဘုန်းမောက်အသင်းထက် လျော့နည်းခဲ့သည်။
လီဗာပူးအသင်းသည် မိနစ် ၈၀
တွင် ရရှိခဲ့သော ဆဘော့ဆလိုင်း၏ သွင်းဂိုးကြောင့် တစ်ဖက် နှစ်ဂိုးစီဖြင့် ပြိုင်ပွဲပြီးဆုံးရန် နီးကပ်ခဲ့သော် လည်း ပွဲချိန်ပြည့်ခါနီးတွင်
အဒ်လီ၏ နောက်ကျသွင်းဂိုး ခွင့်ပြုပေးခဲ့ရသည့်အတွက် သုံးဂိုး-နှစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
လီဗာပူးအသင်းသည် ယခုပွဲစဉ် ရှုံးနိမ့်ခဲ့သည့်အတွက် ပရီမီယာလိဂ် ၂၃ ပွဲ ကစားပြီး ရှုံးပွဲ
၇ ပွဲ ရှိလာပြီဖြစ်သည်။ ပြိုင်ဘက် ဘုန်းမောက်အသင်းက ယခုပွဲစဉ် နိုင်ပွဲရရှိခဲ့သည့်အတွက်
နိုင်ပွဲ ၇ ပွဲ ရှိလာပြီဖြစ်သည်။
အခြားပွဲစဉ်ရလဒ်များတွင်
ဝက်စ်ဟမ်းက ဆန်းဒါးလန်းကို သုံးဂိုး-တစ်ဂိုး၊ ဖူလ်ဟမ်က ဘရိုက်တန် ကို နှစ်ဂိုး-တစ်ဂိုး၊
မန်စီးတီးက ဝုဖ်ကို နှစ်ဂိုး-ဂိုးမရှိဖြင့်
နိုင်ပွဲရရှိပြီး ဘန်လေနှင့် စပါးအသင်း ပွဲစဉ်တွင် တစ်ဖက်နှစ်ဂိုးစီ သရေကျခဲ့သည်။
အောင်ဇော်

No comments