မွန်ပြည်နယ်ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်ခြင်းဆိုင်ရာ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

 



မော်လမြိုင် ဇန်နဝါရီ ၂၇

မွန်ပြည်နယ် ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်ခြင်းဆိုင်ရာ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်တွင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းနယ်ပယ်အလိုက် ထူးချွန်ပြောင်မြောက်စွာနှင့် စွမ်းစွမ်းတမံကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များကို ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်‌ပေးအပ်သွားမည်ဖြစ်ပြီး  ပေးသင့် ပေးထိုက်သူများ မကျန်ရှိစေရေး အကြံပြုဆွေးနွေးကြ စေလိုကြောင်း ပြောကြားသည်။

ထို့နောက် မွန်ပြည်နယ် ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်ခြင်းဆိုင်ရာ စိစစ်ရေးကော်မတီဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ဆွေးနွေးတင်ပြပြီး  စိစစ်ရေးကော်မတီ အတွင်းရေးမှူးက ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်နိုင်ရေး  ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ဂုဏ်ထူးဆောင်ဆု ရွေးချယ်ရေးကော်မတီ အတွင်းရေးမှူးများက ဂုဏ်ထူးဆောင်ဆု ပေးအပ်နိုင်ရေး စိစစ်ရွေးချယ်ထားမှုကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။   

ပြည်နယ်(ပြန်/ဆက်)

No comments

Powered by Blogger.