ဗီယက်နမ်နိုင်ငံ၌ နီပါးရ်ဗိုင်းရပ်စ် တားဆီးဟန့်တားနိုင်ရေး အရှိန်မြှင့်လုပ်ဆောင်



ဟနွိုင်း  ဇန်နဝါရီ  ၂၈

ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာနသည် အထူးသဖြင့်လာမည့် ပွဲတော်ရာသီအတွင်း  နီပါးရ် ဗိုင်းရပ်စ် ရောဂါကူးစက်ဖြစ်ပွားမှုများမှ တားဆီးဟန့်တားနိုင်ရန် နယ်စပ်ဂိတ်များ၊ ဆေးဘက် ဆိုင်ရာဌာနများနှင့် လူထုအတွင်း နီပါးရ်ဗိုင်း ရပ်စ်ကူးစက်ခံရသည်ဟု သံသယရှိသူများကို အချိန်မီ ရှာဖွေဖော်ထုတ်နိုင်ရေးနှင့် စောင့်ကြပ်ကြည့်ရှုမှုများ အားကောင်းစေရေး ဒေသန္တရအာဏာပိုင်များ ကို တိုက်တွန်းထားကြောင်း ပြည်တွင်းထုတ် နေ့စဉ်သတင်းစာ Suc Khoe & Doi Song ၏ ဇန်နဝါရီ ၂၈ ရက်ဖော်ပြချက်အရ သိရသည်။

ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာနစီမံခန့်ခွဲမှုအောက်ရှိ ဆေးရုံများအနေဖြင့် နီပါးရ်ဗိုင်းရပ်စ်ကူးစက် ခံထားရကြောင်း အတည်ပြုထားသော လူနာများကို လက်ခံရန်၊ သီးသန့်ခွဲခြားထားရန်နှင့် ဆေးဝါး ကုသမှုပေးရန် အဆင်သင့်ရှိစေရန်  ညွှန်ကြားထားကြောင်း၊ ဗီယက်နမ်နိုင်ငံသည် လက်ရှိအချိန် အထိ နီပါးရ်ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုမရှိသေးကြောင်း သိရသည်။

ထို့အပြင် ကျန်းမာရေးဝန်ကြီးဌာနသည် အခြေအနေကို အနီးကပ်ဆက်လက်စောင့်ကြည့်သွားမည် ဖြစ်ကြောင်း၊ အချိန်နှင့်တစ်ပြေးညီ ရောဂါကူးစက်ဖြစ်ပွားမှုများကို တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့များ၊ အခြားသော မိတ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောကြားသည်။  

ဆင်ဟွာ

No comments

Powered by Blogger.