(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြူရုံးလမ်းပေါ်ရှိ ဈေးကုန်းတံတားဖွင့်ပွဲကျင်းပ
ဝါးခယ်မ ဇန်နဝါရီ ၈
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်တွင် (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ဈေးရပ်ကွက်နှင့် ရေကျော်ရပ်ကွက်ကြား မြူရုံးလမ်းပေါ်ရှိ ဈေးကုန်းတံတားဖွင့်ပွဲကို ဇန်နဝါရီ ၆ ရက် မွန်းလွဲပိုင်းက ကျင်းပသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ဦးစွာ တံတားကို ဧရာဝတီ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ဒုတိယ အင်ဂျင်နီယာမှူးကြီး ဒေါ်နော်ကေ သီမိုးနှင့် မြောင်းမြခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တံတားအား ဖြတ်သန်းကြည့်ရှု စစ်ဆေးကြသည်။
ဈေးကုန်းတံတားသည် အရှည် ၃၅ ပေ၊ အကျယ် ပေ ၂၀၊ အမြင့် ရှစ်ပေ Bored Pile သံကူကွန်ကရစ် တံတားဖြစ်ပြီး စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ငွေလုံးငွေရင်း မူလ ရန်ပုံငွေ ၁၅၈ ဒသမ ၃ သန်းနှင့် ဖြည့်စွက်ခွင့်ပြုငွေ ၅၉ ဒသမ ၈၅ သန်း စုစုပေါင်း ကုန်ကျငွေ ၂၁၈ ဒသမ ၁၅ သန်းဖြင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့၏ ကြီးကြပ်မှုနှင့် အောင်ဇေနိုင်ကုမ္ပဏီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လွှမ်းသီဟ (ပြန်/ဆက်)

No comments