အမေရိကန်က ဗင်နီဇွဲလားကို အကြီးစားတိုက်ခိုက်မှုပြုလုပ်၊ သမ္မတ မာဒူရိုနှင့် ဇနီးကို ဖမ်းဆီးခဲ့ပြီး နိုင်ငံပြင်ပသို့ ခေါ်ဆောင်လာကြောင်း ထရမ့်ပြောကြား
ဝါရှင်တန် ဇန်နဝါရီ ၃
ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ်မာဒူရိုနှင့် ၎င်း၏ဇနီးကို ဖမ်းဆီးခဲ့ပြီး
နိုင်ငံပြင်ပသို့ ခေါ်ဆောင်လာကြောင်း အမေရိကန်သမ္မတ
ဒေါ်နယ်ထရမ့်က လူမှုကွန်ရက်တွင် ရေးသားဖော်ပြထားသည်။
ထို့ပြင် အမေရိကန်က ဗင်နီဇွဲလားကို အကြီးစား တိုက်ခိုက်မှုတစ်ရပ်
လုပ်ဆောင်နိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ကြေညာထားသည်။ ဗင်နီဇွဲလားနိုင်ငံ၏ မြို့တော်ကာရာကပ်စ်တွင်
ပေါက်ကွဲမှုများစွာ ဖြစ်ပွားခဲ့ပြီးနောက် အဆိုပါကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အမေရိကန် ဖက်ဒရယ်လေကြောင်းဦးစီးဌာနက
ကာရာကပ်စ်တွင် ပေါက်ကွဲမှုသတင်းများ ထွက်ပေါ် လာပြီးနောက် လက်ရှိဖြစ်ပွားနေသော
စစ်ရေးလှုပ်ရှားမှုများနှင့်ဆက်နွှယ်သည့် လေကြောင်း ပျံသန်းမှုများ
ဘေးကင်းလုံခြုံရေး အန္တရာယ်ရှိနိုင်သည်ဟုဆိုကာ ဗင်နီဇွဲလားလေပိုင်နက်အတွင်း
အမေရိကန်လေယာဉ်များ မည်သည့်အမြင့်ပေတွင်မဆို ပျံသန်းခြင်း မပြုကြရန် ဇန်နဝါရီ ၃
ရက် နံနက်ပိုင်းတွင် ပိတ်ပင်ထားသည်။
ဗင်နီဇွဲလားအစိုးရက
အမေရိကန်သည် စစ်ဘက် နှင့် အရပ်ဘက်အဆောက်အအုံများစွာကို တိုက်ခိုက် ခဲ့ကြောင်း၊
ယင်းလုပ်ရပ်မှာ ကျူးကျော်ရန်စမှုဖြစ်ပြီး ကုလသမဂ္ဂပဋိညာဉ်စာတမ်းကို ရှင်းရှင်း လင်းလင်း
ချိုးဖောက်သည်ဟုဆိုကာ ပြစ်တင်ရှုတ်ချပြီး လက်မခံကြောင်း ငြင်းပယ်ထားသည်။
အဆိုပါလုပ်ဆောင်ချက်မှာ
အထူးသဖြင့် လက်တင်အမေရိကနှင့် ကာရေဘီယံဒေသတွင်းရှိ ငြိမ်းချမ်းရေးနှင့်
တည်ငြိမ်မှုကို ခြိမ်းခြောက်ခြင်းဖြစ်ကြောင်းလည်း ပြောကြားသည်။
အင်န်အိတ်ချ်ကေ၊
ဆင်ဟွာ
No comments