ကမ္ဘောဒီးယားနိုင်ငံသို့နိုင်ငံတကာခရီးသွားဝင်ရောက်မှုကျဆင်းသွားသော်လည်းယမန်နှစ်အတွင်းတရုတ်ခရီးသွားဝင်ရောက်မှုမြင့်တက်လာ




ဇန်နဝါရီ ၂၈

ကမ္ဘောဒီးယားနိုင်ငံသို့နိုင်ငံတကာခရီးသွားဝင်ရောက်မှုကျဆင်းသွားသော်လည်း ၂၀၂၅ ခုနှစ်တွင် တရုတ်ခရီးသွားဝင်ရောက်မှုအရေအတွက် သိသိသာသာမြင့်တက်လာကြောင်း ယမန်နေ့ကထုတ်ပြန်သော ခရီးသွားဝန်ကြီးဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၅ ခုနှစ်တွင် တရုတ်ခရီးသွား ၁ ဒသမ ၂ သန်း ဝင်ရောက်ခဲ့ရာ ယခင်နှစ်ကတရုတ်ခရီးသွားဝင်ရောက်မှုထက် ၄၁ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်းနှင့် ပြီးခဲ့သည့်နှစ်က နိုင်ငံတကာခရီးသွားဝင်ရောက်မှု ၁၆ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းကာ ၅ ဒသမ ၅၇ သန်းသာ ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံပြီးလျှင် ဒုတိယအများဆုံး နိုင်ငံခြားခရီးသွားများဝင်ရောက်သည့် အရင်းအမြစ်ဖြစ်ကြောင်း ထပ်လောင်းဖော်ပြထားသည်။

တရုတ်ခရီးသွားအရေအတွက် တိုးတက်မှုသည် ကမ္ဘောဒီးယား၏ ခရီးသွားဆွဲဆောင်မှုများအပေါ် တရုတ်ခရီးသွားများ၏ စိတ်ဝင်စားမှုမြင့်မားလာပြီး ခိုင်မာမှုကို ထင်ဟပ်စေသည်ဟု ပစိဖိတ်အာရှခရီးသွားအသင်း ကမ္ဘောဒီးယားဌာနခွဲ၏ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.