မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
မော်လမြိုင် ဇန်နဝါရီ ၁၄
မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့
အစည်းအဝေး အမှတ်စဉ်( ၁/၂ဝ၂၆) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီ ၁၄ ရက် နံနက်ပိုင်းက
ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပသည်။
မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ
ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များမှ လယ်ယာမြေ အခြားနည်းအသုံးပြုခွင့်
စိစစ်တင်ပြလာသည့် ကိစ္စရပ်များ၊ လယ်ယာမြေများကို ခွင့်ပြုချက်မရမီ ကြိုတင်အသုံးပြုထားသည့်အတွက်
ပြည်ထောင်စုအစိုးရအဖွဲ့က ထုတ်ပြန်သည့် စံပြုလုပ်ထုံးလုပ်နည်း SOPနှင့်အညီ စိစစ်တင်ပြလာသည့်
ကိစ္စရပ်များ၊ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ အယူခံဝင်ရောက်ခဲ့သည့် လယ်ယာမြေလုပ်ပိုင်ခွင့်
အငြင်းပွားမှုများအပေါ် စိစစ်ဆုံးဖြတ်ရမည့် ကိစ္စရပ်များအား ဆွေးနွေးဆုံးဖြတ်သွားမည်ဖြစ်ကြောင်း၊
လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) မူရင်းပျောက်ဆုံးသဖြင့် ပြန်လည်ထုတ်ပေးရန်ကိစ္စ၊
လယ်ယာမြေ အခြားနည်းအသုံးပြုခွင့် လျှောက်ထားမှုများကို စိစစ်ခွင့်ပြုပေးခြင်းနှင့်
လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုအပေါ် အယူခံမှုများကို စစ်ဆေးဆုံးဖြတ်ရာတွင် လယ်ယာမြေဥပဒေ၊
နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ လယ်ယာမြေပေါ်တွင် ခွင့်ပြုမိန့်မရရှိဘဲ
အခြားနည်း ကျူးလွန်သုံးစွဲခြင်းများ မရှိစေရေးဥပဒေ၊ နည်းဥပဒေပါ စည်းကမ်းချက်များနှင့်အညီ
လိုက်နာအသုံးပြုရေးတို့ကို အထူးဂရုပြုအလေးထား ဆောင်ရွက်သွားရန်လိုကြောင်း မှာကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူးပြည်နယ်
လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးက လယ်ယာမြေဥပဒေ၊ နည်းဥပဒေ၊
လုပ်ထုံးလုပ်နည်းများနှင့် ဆောင်ရွက်ထားရှိမှုများ၊ လမ်းဦးစီးအမည်ပေါက်ရရှိရေးဆောင်ရွက်ရန်၊
ပုံစံ (၇)ပျောက်ဆုံးသဖြင့် ဒုတိယမူရင်း(သို့) မိတ္တူမှန် ပြန်လည်ထုတ်ပေးရန်၊ လယ်ယာမြေဥပဒေပုဒ်မ
၃၀(ခ)အရ အခြားနည်းအသုံးပြုရန် ကိစ္စရပ်များနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို
ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ပြည်နယ်
လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များက လယ်ယာမြေ စီမံခန့်ခွဲမှုကိစ္စရပ်များနှင့် ပတ်သက်၍
သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များကို
ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)

No comments