ကမ္ဘောဒီးယားနိုင်ငံ၏ ၂၀၂၅ ခုနှစ် နိုင်ငံခြားကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၆၅ ဘီလီယံကျော်ရှိပြီး ၁၇ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်မှုရှိလာ
ဇန်နဝါရီ ၈
ကမ္ဘောဒီးယား၏ နိုင်ငံခြားကုန်သွယ်မှုပမာဏသည်
၂၀၂၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၅ ဒသမ ၂၄ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ယခင်နှစ်ကထက်
၁၇ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်လာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏
ပြောရေးဆိုခွင့်ရှိသူက ယနေ့တွင် ပြောကြားခဲ့သည်။
ယမန်နှစ်က စုစုပေါင်းပို့ကုန်ပမာဏသည်
အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၂၈ ဘီလီယံရှိကာ ၁၆ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်လာကြောင်းနှင့်
စုစုပေါင်းသွင်းကုန်ပမာဏသည် အမေရိကန်ဒေါ်လာ
၃၃ ဒသမ ၉၆ ဘီလီယံရှိပြီး ၁၈ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဖွဲ့ဝင် ၁၅ နိုင်ငံပါ ဒေသတွင်း
ဘက်စုံစီးပွားရေး မိတ်ဖက်အဖွဲ့ (RCEP) နိုင်ငံများ၊ ဥရောပသမဂ္ဂ၊ ဗြိတိန်၊ အမေရိကန်ပြည်ထောင်စု၊
ကနေဒါ၊ အာရပ်စော်ဘွားများပြည်ထောင်စုနှင့် အိန္ဒိယနိုင်ငံတို့သည် ကမ္ဘောဒီးယားနိုင်ငံ၏
အဓိကကျသောဈေးကွက်များဖြစ်သည်ဟု ၎င်းကဆိုသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments