မလေးရှားနိုင်ငံသို့ ၂၀၂၅ ခုနှစ်တွင် ခရီးသွား ၄၂ ဒသမ ၂ သန်း စံချိန်တင်ရောက်ရှိ



ဇန်နဝါရီ ၂၇

မလေးရှားနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍသည် ၂၀၂၅ ခုနှစ်တွင် ခရီးသွား ၄၂ ဒသမ ၂ သန်း စံချိန်တင်ရောက်ရှိခဲ့ပြီး၊ ယခင်နှစ်က ခရီးသွားဝင်ရောက်မှုထက် ၁၁ ဒသမ ၂ ရာခိုင်နှုန်း တိုးလာကာ ၂၀၁၉ ခုနှစ် ခရီးသွားရောက်ရှိမှုစံနှုန်းများထက် ၂၀ ဒသမ ၄ ရာခိုင်နှုန်း ပိုမိုများပြားကြောင်း ဒုတိယဝန်ကြီးချုပ် အာမက်ဇာဟစ် ဟာမီဒီ၏ ပြောကြားချက်ကို ကိုးကားပြီး နိုင်ငံပိုင်အေဂျင်စီ ဘာနာမာက ဖော်ပြခဲ့သည်။

အာမက်ဇာဟစ်က လာမည့် မလေးရှားခရီးသွားနှစ် ၂၀၂၆ (VM2026) လှုပ်ရှားမှုအတွက် ခိုင်မာသော အခြေခံအုတ်မြစ်တစ်ခုအဖြစ် စွမ်းဆောင်ရည်ကို ချီးကျူးဂုဏ်ပြုခဲ့သည်ဟု သိရသည်။

ခရီးသွားလုပ်ငန်းသည် နိုင်ငံ၏စီးပွားရေးတိုးတက်မှုနှင့် အလုပ်အကိုင်ဖန်တီးမှုအတွက် အဓိကအဖြစ် ၎င်း၏ရပ်တည်ချက်ကို ခိုင်မာစေခဲ့သည်ဟု ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှု အစိုးရအဖွဲ့ ကော်မတီ အစည်းအဝေးအပြီးတွင် ၎င်းကပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.