ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃) ကျင်းပနေမှု ကြည့်ရှုအားပေး
ပဲခူး ဇန်နဝါရီ ၂၅
ပဲခူးခရိုင်အတွင်း ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲ
အပိုင်း(၃) ကျင်းပနေမှုနှင့် မဲဆန္ဒရှင် ပြည်သူများ စိတ်ဝင်တစား လာရောက်ဆန္ဒမဲပေးနေမှုတို့ကို
ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ပြည်ထောင်စုရွေးကောက်ပွဲ
ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်နှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်
ဦးခင်မောင်ကြီးတို့ သွားရောက် ကြည့်ရှုအားပေးသည်။
အားပေးစကားပြောကြား
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တို့သည် ဝေါမြို့ ဧချမ်းသာယာရပ်ကွက် အထက
(ဧချမ်း)၌ ဖွင့်လှစ်ထားသည့် မဲရုံအမှတ်(၁)နှင့် မဲရုံအမှတ်(၂)၊ ချမ်းမြသာစည်ရပ်ကွက်
မြို့နယ် ခန်းမဆောင်အရှေ့ခြမ်း(ချမ်းမြ)၌ ဖွင့်လှစ်ထားသည့် မဲရုံအမှတ်(၁)၊ အရှေ့ဘက်ခြမ်းရပ်ကွက် အထက (ဝေါအရှေ့)၌ ဖွင့်လှစ်ထားသည့်
မဲရုံအမှတ်(၁)နှင့် မဲရုံအမှတ်(၂)တို့၌ မဲဆန္ဒရှင်ပြည်သူများ စိတ်ဝင်တစား လာရောက်ဆန္ဒမဲ
ပေးနေမှုနှင့် တာဝန်ရှိသူများက ဆန္ဒမဲပေးသူများ အေးချမ်းလွတ်လပ်စွာဖြင့် ဆန္ဒမဲကို
အချိန်ကုန်သက်သာစွာ မဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုတို့ကိုကြည့်ရှုပြီး ဒေသခံပြည်သူများကို
ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးစကား ပြောကြားသည်။
ဝေါမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စု
၆၃ ခု၌ ဆန္ဒမဲပေးသည့် မဲရုံ ၁၀၇ ခုရှိပြီး သက်ဆိုင်ရာ မဲရုံများအလိုက် ဌာနဆိုင်ရာများ၊
စေတနာရှင်ပြည်သူများ ပူးပေါင်း၍ ဆန္ဒမဲပေးသူများကို ကုသိုလ်ဖြစ် ရေသန့်၊ အအေးဘူးနှင့်
မုန့်များ ပေးဝေကြသည်။
ပဲခူးတိုင်း ဒေသကြီးတွင် မြို့နယ် ၂၈
မြို့နယ်ရှိပြီး ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၁)ကို
မြို့နယ်ရှစ်မြို့နယ်တွင် ဒီဇင်ဘာ ၂၈ ရက်တွင် လည်းကောင်း၊ အပိုင်း (၂) အဖြစ် ၁၂ မြို့နယ်တွင်
ဇန်နဝါရီ ၁၁ ရက်တွင် လည်းကောင်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ယနေ့တွင် အပိုင်း
(၃)ကို ကျန်ရှိသည့် မြို့နယ် ရှစ်မြို့နယ်တွင် ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ
မြို့နယ်အားလုံး၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း
သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

No comments