လှိုင်းဘွဲမြို့နယ်အတွင်း ဆောင်းဆီထွက်သီးနှံ ၁၅၉၆၉ ဧက စိုက်ပျိုးပြီးစီး



လှိုင်းဘွဲ ဇန်နဝါရီ ၁၅

 

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း ဆီဖူလုံမှုတိုးမြင့်ရေးအတွက် ဆောင်းဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) များကို ယခုနှစ်အတွင်း တိုးချဲ့စိုက်ပျိုးလျက်ရှိပြီး ၂၀၂၅-၂၀၂၆ စိုက်ပျိုးရာသီ၌ မြေပဲသီးနှံ ၆၇၆၈ ဧက၊ နှမ်းသီးနှံ ၈၉၄၈ ဧက၊ နေကြာသီးနှံ ၂၅၃ ဧက စုစုပေါင်း ဆောင်းဆီထွက်သီးနှံစိုက်ဧက ၁၅၉၆၉ ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် လျာထားချက်ထက်ကျော်လွန် စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

ဆောင်းမြေပဲသီးနှံသည် လှိုင်းဘွဲမြို့နယ်အတွင်းရှိ သံလွင်မြစ်ကမ်းနံဘေးတစ်လျှောက် ကျေးရွာများနှင့် လှိုင်းဘွဲချောင်း၊ ပိုင်ကျုံချောင်း၊ မဲပချောင်းအနီးရှိ ကျေးရွာများ၌ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး တစ်ဧကပန်းတိုင်အထွက်နှုန်းထက် ကျော်လွန်လျက်ရှိသကဲ့သို့ နှမ်းနှင့်နေကြာသီးနှံများ အထွက်နှုန်းပိုမိုတိုးမြင့်လာပြီး တစ်ဧကပန်းတိုင်အထွက်နှုန်း ရရှိခြင်းဖြင့် ဆီဖူလုံမှုတိုးမြင့်လာစေရေးအတွက် တောင်သူအချင်းချင်း နည်းပညာဖလှယ်နိုင်ရေး၊ အကျိုးဆောင်တောင်သူများနှင့်အတူ မျိုးသန့်ဇုန်များ၊ စံပြစိုက်ခင်းများတည်ထောင်၍ တောင်သူပညာပေးလုပ်ငန်းများကို ရာသီအလိုက်၊ သီးနှံအလိုက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးပညာရှင် တာဝန်ခံဝန်ထမ်းများက တိုက်နယ်အလိုက်ကွင်းဆင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

စောဒိ(ပြန်/ဆက်)

No comments

Powered by Blogger.