ဆွီယာတက်ခ်ကို အနိုင်ယူပြီး နာမည်ကြီး ရွိုင်ဘာကီနာ ဩစတြေးလျအိုးပင်း ဆီမီးဖိုင်နယ် တက်ရောက်
ဩစတြေးလျအိုးပင်းအမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ
ကွာတားဖိုင်နယ်မှ ဇန်နဝါရီ ၂၈ ရက်က ယှဉ်ပြိုင် ကစားခဲ့သည့် နာမည်ကြီး အီလန်နာ ရွိုင်ဘာကီနာနှင့်
အီဂါဆွီယာတက်ခ်ပွဲစဉ်တွင် အီလန်နာရွိုင် ဘာကီနာက ၇-၅၊ ၆-၁ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ
ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ခဲ့သည်။
ကာဇက်စတန်တင်းနစ်မယ် ရွိုင်ဘာကီနာသည်
ပြိုင်ပွဲတစ်လျှောက် တွင် ဂရာချီဗာ၊ ဗလင်တိုဗာ၊ မာတင်စ် စသည့်နာမည်ကြီး တင်းနစ်မယ်များကို
အနိုင်ယူကျော်ဖြတ်ကာ ကွာတားဖိုင်နယ်သို့ တက်လှမ်းလာသူဖြစ်သည်။ ထို့ပြင် ကွာတားဖိုင်နယ်တွင်လည်း
ကမ္ဘာ့အဆင့်(၂)ရှိ ပိုလန် တင်းနစ်မယ် ဆွီယာတက်ခ်ကို ထပ်မံအနိုင်ယူ ကျော်ဖြတ်ကာ ဆီမီးဖိုင်နယ်သို့
ထိုက်ထိုက်တန်တန် တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
၎င်းသည် ၂၀၂၃ ခုနှစ်နောက်ပိုင်း
ဩစတြေးလျအိုးပင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်သို့ တစ်ကျော့ပြန် တက်လှမ်းနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
ရွိုင်ဘာကီနာသည် ဩစတြေးလျအိုးပင်း အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်တွင် အမေရိကန်နာမည်ကြီး တင်းနစ်မယ်
ပဲဂူလာနှင့် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။ ပဲဂူလာသည် ကွာတားဖိုင်နယ်တွင် အနီဆီမိုဗာနှင့် ယှဉ်ပြိုင်ကစားခဲ့ရပြီး ၆-၂၊ ၇-၆ (၇-၁) ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ဆီမီးဖိုင်နယ်သို့
တက်လှမ်းလာသူဖြစ်သည်။
ဩစတြေးလျအိုးပင်းပြိုင်ပွဲ
ဆီမီးဖိုင်နယ်သို့ ရွိုင်ဘာကီနာနှင့်အတူ ကမ္ဘာ့အဆင့်
(၁) ဘယ်လာရုစ် တင်းနစ်မယ် ဆာဘယ်လင်ကာ၊ ယူကရိန်းတင်းနစ် မယ် စဗစ်တိုလီနာတို့ တက်လှမ်းနိုင်ခဲ့သည်။
အောင်ဇော်

No comments