ကသာမြို့၌ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်လျက်ရှိ
ကသာ ဇန်နဝါရီ ၂၀
ကသာမြို့၌ အခြေခံပညာကျောင်းများကို ယနေ့နံနက် ၉ နာရီက အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၌ ပြန်လည် ဖွင့်လှစ်လျက်ရှိသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပြီးဆုံးတော့မည်ဖြစ်၍ ကျောင်းသားမိဘများအနေဖြင့် ဇန်နဝါရီ ၁၉ ရက်အထိ လာရောက်စာရင်းပေးသူ ကျောင်းသားဦးရေ ၁၀၇၈ ဦးရှိပြီး စာမေးပွဲ ဖြေဆိုမည့်ရက် မတိုင်မီအထိ ဆက်လက်လက်ခံ သွားမည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူး ဒေါ်နန္ဒာလင်းထံမှ သိရသည်။
စာစစ်ဌာနဖွင့်လှစ်
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၏ နှစ်ဆုံးစာမေးပွဲ (ကျောင်းတွင်းစစ်)ကို ဖေဖော်ဝါရီ ၄ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး တက္ကသိုလ်ဝင် စာမေးပွဲကိုလည်း ကသာမြို့၌ စာစစ်ဌာန ဖွင့်လှစ်၍ ဆောင်ရွက်နိုင်ရေးအတွက် ကျောင်းသားမိဘများနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများက ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments