ဇီးကုန်းမြို့နယ်၌ မဲရုံများ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

 


ဇီးကုန်း ဇန်နဝါရီ ၉

 

ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်၌ မဲရုံများ မီးဘေးလုံခြုံရေးအတွက် ကြိုတင်ဆောင်ရွက်မှုများကို ယမန်နေ့နံနက် ၉ နာရီတွင် ကွင်းဆင်းဆောင်ရွက်သည်။

 

 သာယာဝတီခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဟန်မြင့်ကျော်နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းနိုင်ဦးတို့၏ ဦး‌ဆောင်မှုဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ မီးဘေးလုံခြုံရေးကော်မတီဝင်များက ရွေးကောက်ပွဲကာလအတွင်း ပြည်သူများ အေးချမ်းစွာမဲပေးနိုင်ရေးအတွက် မဲရုံ ၅၆ ရုံတွင် မီးဘေးလုံခြုံစိတ်ချရမှုရှိစေရေးအတွက် မဲရုံများနှင့် မဲရုံပတ်ဝန်းကျင်အနီးလူနေအိမ်များ မီးဘေးအန္တရာယ်ကင်းဝေးစေရန် မီးဘေးလုံခြုံရေးစစ်ဆေးနေမှုကို အရှိန်အဟုန်မြှင့် ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး မီးလန့်မှုများကြုံတွေ့ပါက အရေးပေါ်ဆောင်ရွက်ရန် အချက်များနှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments

Powered by Blogger.