နီပေါနိုင်ငံတွင် တစ်လအတွင်း သဘာဝဘေးအန္တရာယ်များဖြစ်ပွားမှုကြောင့် ၄၉ ဦး သေဆုံး
ဇန်နဝါရီ ၂၈
နီပေါနိုင်ငံတစ်ဝန်းတွင် တစ်လအတွင်း သဘာဝဘေးအန္တရာယ်နှင့် လူလုပ်ဘေးအန္တရာယ်အမျိုးမျိုးကြောင့် ကလေးငယ်သုံးဦးနှင့် လူကြီး ၄၆ ဦးအသက်ဆုံးရှုံးခဲ့ရကြောင်း ရဲတပ်ဖွဲ့က ယနေ့တွင် ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့၏ အစီရင်ခံစာအရ ဒီဇင်ဘာလလယ်မှ ဇန်နဝါရီလလယ်အတွင်း မီးလောင်မှု၊ မိုးကြိုးပစ်မှုနှင့် တိရစ္ဆာန်တိုက်ခိုက်မှုများအပါအဝင် ဘေးအန္တရာယ် ၆၁၄ ခုတွင် လူ ၂၃၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
အဆိုပါဘေးအန္တရာယ်များဖြစ်ပွားမှုအတွင်း မွေးမြူရေးတိရစ္ဆာန် စုစုပေါင်း ၁၃၄ ကောင် သေဆုံးခဲ့သည်။ နေအိမ် ၅၈ လုံးနှင့် တဲ ၅၁ လုံး ပျက်စီးမှုကြောင့် နီပေါရူပီး ၁၇၀ ဒသမ ၄၁ သန်း (အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၇ သန်းခန့်) ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကိုရှီပြည်နယ်တွင် မတော်တဆမှု ၁၇၀ ခု ဖြစ်ပွားခဲ့ရာ အများဆုံးဖြစ်ပြီး မာဒက်ရှ်ပြည်နယ်တွင် ၁၅၂ ခုဖြင့် ဒုတိယအများဆုံး စံချိန်တင်ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments