သီရိလင်္ကာနိုင်ငံ၌ ၂၀၂၆ ခုနှစ် ပထမကိုးရက်အတွင်း သွေးလွန်တုပ်ကွေးဖြစ်ပွားမှု ၂၁၀၀ ကျော်ရှိလာ



ဇန်နဝါရီ ၁၂

သီရိလင်္ကာနိုင်ငံတွင် ယခုနှစ် ပထမကိုးရက်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ ၂၁၇၀ အထိရှိလာကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောကြားသည်။

အမျိုးသားသွေးလွန်တုပ်ကွေးထိန်းချုပ်ရေးဌာနမှ ရပ်ရွာဆေးဘက်ဆိုင်ရာအထူးကုဆရာဝန် ပရာရှီလာက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုအခြေအနေမြင့်မားကြောင်းနှင့် ကျန်းမာရေးအဖွဲ့အစည်းများက စောင့်ကြည့်ခြင်းနှင့် ခြင်ထိန်းချုပ်ရေးလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ယခုနှစ် အဆင့်မြင့်အတန်းပညာအဆင့်စာမေးပွဲများမပြုလုပ်မီနှင့် စာသင်ကျောင်းများပြန်လည်ဖွင့်ခြင်းမပြုမီ သွေးလွန်တုပ်ကွေးထိန်းချုပ်ရေးအစီအစဉ်များကိုဆောင်ရွက်ရန် ကျောင်းအုပ်ကြီးများနှင့် ဒေသဆိုင်ရာ ကျန်းမာရေးအာဏာပိုင်များအားညွှန်ကြားထားကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

သီရိလင်္ကာနိုင်ငံတွင် ၂၀၂၅ ခုနှစ်က သွေးလွန်တုပ်ကွေးဖြစ်ပွားသူဦးရေ  ၅၀၀၀၀ ကျော်ရှိခဲ့ကြောင်း တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.