ငပုတောမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်း ဆောင်ရွက်
ငပုတော ဇန်နဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်အတွင်းရှိ
စက်သုံးဆီ အရောင်းဆိုင်များအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ဆောင်ရွက်လျက်ရှိရာ
ယနေ့နံနက်ပိုင်းက ဆုဈာန်စက်သုံးဆီ အရောင်းဆိုင်အား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး
တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးသည်။
အဆိုပါစစ်ဆေးခြင်းလုပ်ငန်းများကို မြို့နယ်မီးသတ်ဦးစီးဌာန
ဦးစီးအရာရှိ ဦးမင်းအောင်၏ လမ်းညွှန်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယမီးသတ်ဦးစီးမှူး
ဦးပိုင်စိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသည့်
စက်သုံးဆီအရောင်းဆိုင်များတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုနှင့်
မီးဘေးလုံခြုံရေးဆိုင်ရာ သတိပြုလိုက်နာရမည့်အချက်များကို အကြံပြုညွှန်ကြားခဲ့ကြောင်း
သိရသည်။
အောင်သူ(ပြန်/ဆက်)

No comments