ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၂၅ ခုနှစ်တွင် တင်သွင်းကားများ၏တန်ဖိုး ၅၀ ရာခိုင်နှုန်း မြင့်တက်
ဇန်နဝါရီ ၂၂
ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ကားတင်သွင်းမှုအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ သုံးစွဲခဲ့ရာ ယခင်နှစ်က ကားတင်သွင်းမှုအတွက်သုံးစွဲခဲ့သော အမေရိကန်ဒေါ်လာ ၆၈၆ ဒသမ ၇ သန်းမှ ၆၀ ရာခိုင်နှုန်းသိသိသာသာမြင့်တက်လာခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ယနေ့တွင်ဖော်ပြထားသည်။ ယခင်နှစ်က တင်သွင်းခဲ့သော ကားအရေအတွက်ကိုမူ အစီရင်ခံစာတွင် ဖော်ပြထားခြင်း မရှိဟု သိရသည်။
ကမ္ဘောဒီးယား သိပ္ပံနှင့်နည်းပညာတက္ကသိုလ်၏ တရုတ်-အာဆီယံ လေ့လာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး Thong Mengdavid က တင်သွင်းကားများ၏တန်ဖိုးသိသိသာသာ မြင့်တက်လာခြင်း၏ အဓိကအချက်သည် လျှပ်စစ်ကားများ (EVs) အတွက် ၀ယ်လိုအား မြင့်တက်လာခြင်းကြောင့်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ်တွင် ကမ္ဘောဒီးယား၏ လမ်းများပေါ်တွင် လျှပ်စစ်ကားထောင်ပေါင်းများစွာ ထပ်မံထည့်သွင်းခြင်းဖြင့် လျှပ်စစ်ကားများအလျင်အမြန် တိုးချဲ့လာခဲ့သည်ဟု ၎င်းက ဆိုသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments