ဂျပန်နိုင်ငံ၌စံချိန်တင် ဆီးနှင်းကျမှုကြောင့် ဟော့ကိုင်းဒိုးလေဆိပ်တွင် လူ ၂၀၀၀ ကျော် ပိတ်မိနေ



ဇန်နဝါရီ ၂၇

ဂျပန်နိုင်ငံမြောက်ပိုင်း ဟော့ကိုင်းဒိုးစီရင်စုတွင် စံချိန်တင် ဆီးနှင်းကျမှုကြောင့် ခရီးသွားလာရေး အနှောင့်အယှက်ဖြစ်စေသဖြင့်  ယမန်နေ့ညမှ ယနေ့အထိ နယူးချီတိုဆေးလေဆိပ်တွင် လူပေါင်း ၂၀၀၀ ကျော် သောင်တင်နေခဲ့ကြောင်း ဖော်ပြထားသည်။

ယမန်နေ့ကပြင်းထန်သော ဆီးနှင်းကျမှုကြောင့် ထိုလေဆိပ်တွင် လေယာဉ်ခရီးစဉ် ၉၀ ကျော် ဖျက်သိမ်းခဲ့ရကြောင်း ၊ လေဆိပ်အာဏာပိုင်များသည် ပိတ်မိနေသော ခရီးသွားများကို နေရာထိုင်ခင်းပေးရန် လေဆိပ်၏ အစိတ်အပိုင်းအချို့ကို ညတွင်းချင်း ဖွင့်လှစ်ခဲ့သည်ဟု ဒေသခံမီဒီယာများက ဖော်ပြထားသည်။

ရထားဝန်ဆောင်မှုများလည်း ဆိုးရွားစွာ ထိခိုက်ခဲ့ကြောင်းနှင့် ယနေ့တွင် ရထားဝန်ဆောင်မှု ၁၇၀ ကျော် ရပ်ဆိုင်းထားခဲ့ပြီး ဟာကိုဒိတ်နှင့် အာဆာဟီကာဝါသို့ ဦးတည်သော လမ်းကြောင်းအချို့သည် ပုံမှန်လည်ပတ်မှုများ ပြန်လည်စတင်နိုင်ဖွယ်မရှိသေးကြောင်း ဖော်ပြထားသည်။

ဟော့ကိုင်းဒိုးတွင် မကြာသေးမီရက်များအတွင်း နှင်းများ အဆက်မပြတ်ကျဆင်းခဲ့သည်။ ဟော့ကိုင်းဒိုး၏ မြို့တော် ဆပ်ပိုရိုတွင် ယမန်နေ့ ည ၁၀ နာရီအထိ ၄၈ နာရီအတွင်း ဆီးနှင်း ၆၅ စင်တီမီတာအထိ ကျဆင်းခဲ့ပြီး ၁၉၉၉ ခုနှစ်က စတင်ကာ စာရင်းအင်းများမှတ်တမ်းတင်ထားမှုတွင် အမြင့်ဆုံးအဆင့်ဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.