သြစတြေးလျအရှေ့မြောက်ပိုင်း၌ အပူပိုင်းမုန်တိုင်းသတိပေးချက်ထုတ်ပြန်



ဇန်နဝါရီ ၁၀

သြစတြေးလျအရှေ့မြောက်ပိုင်းတွင် အပူပိုင်းမုန်တိုင်းတစ်ခု ကမ်းရိုးတန်းသို့ ချဉ်းကပ်လာသည်နှင့်အမျှ လေပြင်းများ၊ မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများအတွက် ပြင်ဆင်မှုများပြုလုပ်ကြရန် လူပေါင်း ၂၀၀၀၀၀ ကျော်အား ယနေ့တွင် အကြံပြုပြောကြားထားသည်။


လူဦးရေ ၂၃၀၀၀၀ ခန့်ရှိသော Townsville မြို့နှင့် အပန်းဖြေကျွန်းများအပါအဝင် ကမ်းရိုးတန်း ၄၇၀ ကီလိုမီတာအတွက် မိုးလေဝသဌာနကထုတ်ပြန်သောမုန်တိုင်းသတိပေးချက်တွင်  လေပြင်းတိုက်ခတ်မှု တစ်နာရီလျှင် ၁၀၀ ကီလိုမီတာနှင့် ရုတ်တရက်ရေကြီးရေလျှံမှုဖြစ်စေနိုင်သော မိုးသည်းထန်စွာရွာသွန်းမှုများသည် ယနေ့တွင် ဖြစ်ပေါ်လာနိုင်သည်ဟု ခန့်မှန်းထားသည်။

Townsville မြို့၏ အရှေ့တောင်ဘက်ရှိ မြို့များတွင် မိုးသည်းထန်စွာရွာသွန်းမှုသည် အသက်အန္တရာယ်ရှိသော ရုတ်တရက်ရေကြီးရေလျှံမှုများကို ဖြစ်စေနိုင်ကြောင်း ဖော်ပြထားသည်။ ထိုဒေသသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလက ရေကြီးရေလျှံမှုဒဏ်ကို ခံခဲ့ရသည်။

ရေဘေးကယ်ဆယ်ရေးလှေများအပြင် ရဲတပ်ဖွဲ့၊  မီးသတ်သမားများနှင့် ပြည်နယ်အရေးပေါ်ဝန်ဆောင်မှုဝန်ထမ်းများကို ထိုဒေသတွင် ကြိုတင်နေရာချထားပြီးဖြစ်ကြောင်း ကွင်းစလန်ဝန်ကြီးချုပ် ဒေးဗစ် ခရစ်ဆာဖူလီက သြစတြေးလျ ရုပ်မြင်သံကြားဌာနသို့ ယနေ့နံနက်ကပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.