အိန္ဒိယနှင့် အီးယူတို့ ကုန်သွယ်ရေးသဘောတူညီချက်လက်မှတ်ရေးထိုး
နယူးဒေလီ ဇန်နဝါရီ
၂၇
ဥရောပကောင်စီဥက္ကဋ္ဌ အန်တိုနီယို
ကော်စတာနှင့် ဥရောပသမဂ္ဂကော်မရှင်ဥက္ကဋ္ဌ
အာဆူလာ ဗွန်ဒါ လေယန်တို့ အိန္ဒိယသို့
သုံးရက်ကြာ လာရောက်ချိန်အတွင်း အိန္ဒိယနှင့်ဥရောပသမဂ္ဂ(အီးယူ) တို့သည် မြို့တော်နယူးဒေလီ၌
နားလည်မှုစာချွန်လွှာများကို ဇန်နဝါရီ ၂၇ ရက်တွင် လက်မှတ်ရေး ထိုးခဲ့သည်။
အစည်းအဝေးတွင် အိန္ဒိယ -
အီးယူလွတ်လပ်သော ကုန်သွန်မှုသဘောတူညီချက် (အက်ဖ်တီအေ) ညှိနှိုင်းဆောင်ရွက်မှု အဆုံးသတ်နိုင်ရေးကိစ္စရပ်နှင့်
ပတ်သက်ပြီး ပူးတွဲကြေညာချက်ထုတ်ပြန်နိုင် ရေးကို အဓိကထားဆွေးနွေးခဲ့သည်။
သဘောတူညီချက်များ လက်မှတ်ရေးထိုးခြင်းနှင့်
ကြေညာချက်ထုတ်ပြန်ခြင်းတို့ကို အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီရှေ့၌ ဆောင်ရွက်ခဲ့ကြသည်။
ကုန်သွယ်ရေးသဘောတူညီချက်သည် နှစ်ပြည်ထောင် စီးပွားရေးမိတ်ဖက်ဆောင်ရွက်မှု၏ ပြည့်စုံကောင်းမွန်သော
နမူနာတစ်ခုဟု အိန္ဒိယ ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ယနေ့တွင် အိန္ဒိယနှင့် ဥရောပတို့သည်
နယ်ပယ်ကဏ္ဍအတော်များများတွင် တိုးချဲ့ဆောင်ရွက်လျက် ရှိသည်။ အိန္ဒိယ-အီးယူ အက်ဖ်တီအေသည်
ကြီးထွားမှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများအတွက် လမ်းကြောင်းတစ်ခုဖြစ်သည်။
ဆင်ဟွာ

No comments