ဟန်ဂေရီနိုင်ငံ၏ ခရီးသွားလုပ်ငန်း ၂၀၂၅ ခုနှစ်တွင် စံချိန်တင် မြင့်တက်



ဇန်နဝါရီ ၁၃

ဟန်ဂေရီနိုင်ငံ၏ ခရီးသွားလုပ်ငန်းကဏ္ဍသည် ၂၀၂၅ ခုနှစ်တွင် စံချိန်တင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး ခရီးသွားဦးရေ သန်း ၂၀ ကျော် ရောက်ရှိလာခဲ့ပြီး ယခင်စံချိန်များကို ကျော်လွန်သွားခဲ့ကြောင်း ထိပ်တန်းခရီးသွားလုပ်ငန်းအရာရှိတစ်ဦးက ယမန်နေ့က ပြောကြားခဲ့သည်။

ဟန်ဂေရီခရီးသွားလုပ်ငန်းအေဂျင်စီ၏ အကြီးအကဲက ၂၀၂၅ ခုနှစ် ကနဦးအချက်အလက်များကို ပြန်လည်သုံးသပ်သည့် သတင်းစာရှင်းလင်းပွဲတွင် လူဦးရေ ၁၀ သန်းအောက်သာရှိသော နိုင်ငံသို့ ၎င်း၏လူဦးရေစုစုပေါင်းထက် ဧည့်သည်များနှစ်ဆပိုမိုရောက်ရှိခဲ့ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

ဟန်ဂေရီ၏ ခရီးသွားလုပ်ငန်းတိုးတက်မှုသည် ဥရောပသမဂ္ဂ (EU) ၏ ပျမ်းမျှထက် ၂ ဒသမ ၅ ဆ ကျော်လွန်ပြီး ဩစတြီးယား၊ ခရိုအေးရှားနှင့် ချက်သမ္မတနိုင်ငံအပါအဝင် ဒေသတွင်းအိမ်နီးချင်းနိုင်ငံများထက် ကျော်လွန်လျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ ဟန်ဂေရီသည် ပြီးခဲ့သည့်နှစ်က ဧည့်သည်ဦးရေတိုးတက်မှုအတွက် အီးယူတွင် အဆင့်ခုနစ် နေရာတွင် ရပ်တည်ခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

ဘူဒါပက်စ်မြို့ရှိ Liszt Ferenc အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ခရီးသွားဦးရေ ၁၉ သန်းအထိ ရောက်ရှိခဲ့ရာ ၎င်း၏ ၇၅ နှစ်တာသမိုင်းတွင် အမြင့်မားဆုံးအဆင့်ဖြစ်သည်ဟု သိရသည်။

အချက်အလက်များအရ ပြည်တွင်းနှင့် ပြည်ပခရီးသွားဦးရေသည် စုစုပေါင်းဧည့်သည်ဦးရေ၏ အချိုးအစားတူညီစွာ ရှိနေပြီး မြို့တော် ဘူဒါပက်စ်သို့ နိုင်ငံတကာခရီးသွား ခုနစ်သန်းကျော်နှင့် ပြည်တွင်းခရီးသွား  တစ်သန်းကျော်ရောက်ရှိခဲ့ရာ ခရီးသွားများ ၁၃ ရာခိုင်နှုန်း တိုးလာကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.