ယီမင်နိုင်ငံဖွံ့ဖြိုးရေးစီမံကိန်းများတွင် ဒေါ်လာ သန်း ၅၀၀ ဆော်ဒီအာရေဗျရင်းနှီးမြှုပ်နှံမည်ဟု ပြောကြား
ဇန်နဝါရီ ၁၆
ဆော်ဒီအာရေဗျနိုင်ငံသည် ယီမင်နိုင်ငံရှိ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများတွင် ဒေါ်လာ သန်း ၅၀၀ ကျော် ရင်းနှီးမြှုပ်နှံမည်ဟု ကာကွယ်ရေးဝန်ကြီးက ဇန်နဝါရီ ၁၄ နေ့တွင် ပြောကြားခဲ့သည်။
မကြာသေးမီက ရီယတ်ဒ်ကျောထောက်နောက်ခံပြုတပ်ဖွဲ့များသည် အာရပ်စော်ဘွားများပြည်ထောင်စုမှ ကျောထောက်နောက်ခံပြုထားသော ခွဲထွက်ရေးသမားများ၏ ထိုးစစ်ကို တွန်းလှန်ပြီးနောက်တွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆော်ဒီကာကွယ်ရေးဝန်ကြီး မင်းသားခါလစ်ဘင်ဆယ်လ်သည် ယီမင်ပြည်နယ် ၁၀ ခုတွင် ရီယယ် ၁ ဒသမ ၉ ဘီလီယံ (ဒေါ်လာ ၅၀၆ သန်း) အကုန်အကျခံ၍ အရေးကြီးသောကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများနှင့် အစပျိုးမှုများအကြောင်း လူမှုမီဒီယာပလက်ဖောင်း Xတွင် ရေးသားခဲ့သည်။
ယီမင်နိုင်ငံအတွက် ဆော်ဒီဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအစီအစဉ်မှ အကောင်အထည်ဖော်မည့် စီမံကိန်းများတွင် ယီမင်၏ ပထမဆုံးသော ရေငန်သန့်စင်စက်ရုံတည်ဆောက်ခြင်း၊ တောင်ပိုင်းမြို့ အာဒင်တွင် လေဆိပ်ပြန်လည်ပြုပြင်ခြင်း၊ ဆိုကိုထရာကျွန်းတွင် ဆေးရုံတစ်ရုံဖွင့်လှစ်ခြင်းနှင့် စာသင်ကျောင်း ၃၀ တည်ဆောက်ခြင်းနှင့် ပစ္စည်းကိရိယာများတပ်ဆင်ခြင်းတို့ ပါဝင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကိုးကား-အေအက်ဖ်ပီ
ဘာသာပြန်-မြင့်မြင့်ချို
No comments