အမေရိကန်ပြည်ထောင်စု၌ ဆောင်းရာသီမုန်တိုင်းတိုက်ခတ်မှုကြောင့် လူ ၃၀ ထက်မနည်းသေဆုံး



ဇန်နဝါရီ ၂၈

အမေရိကန်ပြည်ထောင်စု၏နေရာအများစုကို အားကောင်းသော ဆောင်းရာသီမုန်တိုင်းတိုက်ခတ်မှုကြောင့် လူ ၃၀ ထက်မနည်းသေဆုံးကြောင်း ဖော်ပြထားသည်။

လူဝီစီယားနားပြည်နယ်တွင် အမျိုးသားနှစ်ဦး ကိုယ်အပူချိန်ကျဆင်းမှုကြောင့် သေဆုံးသွားကြောင်း Associated Press က ဖော်ပြထားပြီး  ဇန်နဝါရီ ၂၆ ရက်နေ့အထိ လျှပ်စစ်ဓာတ်အား သုံးစွဲသူ ၅၆၀၀၀၀ ကျော်  လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့သည်ဟု သိရသည်။

တန်နက်ဆီပြည်နယ်ရှိ ဟိုတယ်အများအပြားတွင် လျှပ်စစ်ဓာတ်အားပြတ်တောက်နေသော နေအိမ်များမှ ထွက်ခွာလာသောဒေသခံများက ကြိုတင်မှာယူထားပြီးဖြစ်ကြောင်းနှင့်  မစ္စစ္စပီတက္ကသိုလ်တွင်လည်း သီတင်းပတ်တစ်ပတ်လုံး စာသင်ရပ်နားထားကြောင်း ဖော်ပြထားသည်။

နိုင်ငံတစ်ဝန်းရှိ ပြည်တွင်းနှင့်နိုင်ငံတကာ လေယာဉ်ခရီးစဉ် ၆၀၀၀ ကျော် ဖျက်သိမ်းခဲ့ရပြီး တခြားလေယာဉ်ခရီးစဉ် ၇၅၀၀ ကျော် ရွှေ့ဆိုင်းခဲ့သည်ဟု သိရသည်။

ပြည်နယ်အများစုတွင် အန္တရာယ်ရှိသောအအေးဒဏ်ကို ဆက်လက်ရင်ဆိုင်ရမည်ဖြစ်သော်လည်း အခြေအနေများဆက်လက်ကောင်းမွန်မည်ဟု မိုးလေဝသပညာရှင်များကဆိုသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.