ပါကစ္စတန်ထိန်းချုပ်ထားသောကက်ရှ်မီးယားတွင်ထရပ်ကားချောက်အတွင်းသို့ထိုးကျသွားသဖြင့်လေးဦးသေဆုံး၊ ခြောက်ဦး ဒဏ်ရာရရှိ
ဇန်နဝါရီ ၁၃
ပါကစ္စတန်ထိန်းချုပ်ထားသောကက်ရှ်မီးယားဒေသ၊ မီပူရ်ခရိုင်တွင် ထရပ်ကားတစ်စီး ချောက်အတွင်းသို့ ထိုးကျသွားခဲ့သဖြင့် လေးဦးထက်မနည်းသေဆုံးပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ယနေ့တွင် ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။
နွားပြိုင်ပွဲအတွက် နွားတစ်ကောင်တင်ဆောင်လာသော မီနီထရပ်ကားတစ်စီးသည် ယမန်နေ့က ထိုခရိုင်၏ ဒါဒီယယ်ဒေသရှိ ချောက်အတွင်းသို့ မီတာ ၂၀၀ ခန့် ထိုးကျသွားခဲ့ကြောင်း ဒေသခံရဲအရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ရဲနှင့် ကယ်ဆယ်ရေးအဖွဲ့များသည် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိပြီး ရုပ်အလောင်းများနှင့် ဒဏ်ရာရရှိသူများကို အနီးနားရှိ ဆေးရုံသို့ ရွှေ့ပြောင်းပေးခဲ့သည်ဟုသိရသည်။ ဒဏ်ရာရရှိသူနှစ်ဦး၏အခြေအနေစိုးရိမ်ရကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
အဆိုပါမတော်တဆမှုသည် ဒန်ဂါလီတံတားရှေ့ရှိ လမ်း၏ မတ်စောက်သောအပိုင်းကို တက်နေစဉ် ထရပ်ကား၏ ဘရိတ်များ ပျက်သွားခြင်းကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ထိုခရိုင်၏ဒါဒီယယ်ဒေသသည် ရိုးရာမြင်းပြိုင်ပွဲများ၊ တဲထိုးပြိုင်ပွဲများ၊ နွားပြိုင်ပွဲများနှင့် တိရစ္ဆာန်ပွဲတော်များကို ကျင်းပရာနေရာအဖြစ် လူသိများကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments