ဂရိနိုင်ငံအလယ်ပိုင်းတွင် ဘီစကွတ်စက်ရုံပေါက်ကွဲမှုအပြီး အလောင်း သုံးလောင်းတွေ့ရှိ
ဇန်နဝါရီ ၂၆
ဂရိနိုင်ငံအလယ်ပိုင်း ထရီကာလာမြို့ရှိ အစားအသောက်စက်ရုံတစ်ခုတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီးနောက် အလောင်း သုံးလောင်းတွေ့ရှိခဲ့ပြီး အလုပ်သမားနှစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဟယ်လီနစ်ရုပ်သံထုတ်လွှင့်ရေး ကော်ပိုရေးရှင်းက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါပေါက်ကွဲမှုသည် ယနေ့အစောပိုင်းတွင်ဖြစ်ပွားခဲ့ပြီးနောက် မီးလောင်မှုဖြစ်ပေါ်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ပေါက်ကွဲမှုဖြစ်ပွားပြီး နာရီအနည်းငယ်အကြာတွင် ရုပ်အလောင်းများကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများသည် ပျောက်ဆုံးနေသော အလုပ်သမားများကို ရှာဖွေနေဆဲဖြစ်သည်ဟု သိရသည်။
ထိုပေါက်ကွဲမှုကြောင့် စက်ရုံအဆောက်အအုံ ပြင်းထန်စွာ ပျက်စီးခဲ့ပြီး ကနဦးအစီရင်ခံစာများအရ ပေါက်ကွဲမှုသည် မီးဖိုများအနီးတွင်စတင်ဖြစ်ပွားခြင်းဖြစ်နိုင်သည်ဟု ညွှန်ပြနေသော်လည်း အကြောင်းရင်းအတိအကျကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments