ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေအသိပညာပေးဆွေးနွေး

 


ပဲခူး ဇန်နဝါရီ ၂၀

 

ပဲခူးတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းဆပ်ကော်မတီ၏ ဥပဒေအသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းအခမ်းအနားကို ပဲခူးမြို့ပေါ်ရှိ အထက(၁)၊ အထက(၂)၊ အထက(၃) ပဲခူးမြို့နှင့် MMH Private School တို့တွင် ဇန်နဝါရီ ၂၀ ရက်က ပြုလုပ်ရာ တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်တင်စပါယ်၊ ဒုတိယတိုင်းဒေသကြီး ဥပဒေအရာရှိ ဒေါ်ခင်သီတာနှင့် လက်ထောက်တိုင်းဒေသကြီးဥပဒေအရာရှိ ဦးအေးကိုတို့က ဥပဒေသိမှတ်ဖွယ်ရာများ ဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းသား ကျောင်းသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။   

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.