သာယာဝတီမြို့နယ်၌ တီဘီရောဂါလူနာနှင့် အတူနေမိသားစုများအား ကျန်းမာရေးစစ်ဆေး
သာယာဝတီ ဇန်နဝါရီ ၂၀
သာယာဝတီမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် တီဘီရောဂါ ကုသမှုအောင်မြင်ရေးနှင့် တီဘီလူနာများကို စောစီးစွာ ရှာဖွေဖော်ထုတ်၍ ဆေးကုသပေးနိုင်ရေးအတွက် တီဘီရောဂါလူနာနှင့် အတူနေမိသားစုများအား ကျန်းမာရေးစစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁၈ ရက်က သာယာဝတီမြို့ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ သားဖွား ဆရာမများသည် သာယာဝတီမြို့ ကွက်သစ်ရပ်ကွက်ရှိ တီဘီလူနာ၏ နေအိမ်သို့ သွားရောက်၍ တီဘီဆေးသောက်နေသည့် အခြေအနေကို ကြီးကြပ်ခြင်း၊ လူနာ၏ အတူနေမိသားစုများအား ကျန်းမာရေးစစ်ဆေးခြင်း၊ တီဘီရောဂါအကြောင်း ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ခရိုင်(ပြန်/ဆက်)

No comments