အင်္ဂပူမြို့နယ်ရှိ ဆန်စက်များ မီးဘေးလုံခြုံရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး
အင်္ဂပူ ဇန်နဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ်အတွင်းရှိ
ဆန်စက်များ မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ယနေ့နံနက်ပိုင်းက
ဟင်္သာတခရိုင် မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဟိန်းသူဟန်နှင့် တာဝန်ရှိသူများက
ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အင်္ဂပူမြို့နယ်
မီးသတ်ဦးစီးမှူး ဦးရဲမင်းသိန်းက မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဆေးဘူး၊ မီးချိတ်၊
မီးကပ်၊ ရေပုံး၊ သဲပုံများထားရှိမှုနှင့် လျှပ်စစ်မီးသွယ်တန်းထားရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြရာ
လက်ထောက်ညွှန်ကြားရေးမှူး ဦးဟိန်းသူဟန်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း
သိရသည်။
မန်းကျော်(ပြန်/ဆက်)

No comments