အင်ဒိုနီးရှားနိုင်ငံရှိ လေယာဉ်ပျက်ကျရာနေရာတွင် ရုပ်အလောင်းခြောက်လောင်း ထပ်မံတွေ့ရှိ
ဇန်နဝါရီ ၂၂
အင်ဒိုနီးရှားနိုင်ငံ ဘူလူဆာရန်တောင်၏ တောင်စောင်းပေါ်ရှိ ATR 42-500 လေယာဉ်ပျက်ကျရာနေရာတွင် အင်ဒိုနီးရှားကယ်ဆယ်ရေးသမားများက ယနေ့တွင် ရုပ်အလောင်းခြောက်လောင်း ထပ်မံတွေ့ရှိခဲ့သည်ဟု တပ်မတော်တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ပူးတွဲရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွင် ပါဝင်သော အင်ဒိုနီးရှားတပ်မတော်တာဝန်ရှိသူတစ်ဦးဖြစ်သူ Dody Triyo Hadi က အဆိုပါရုပ်အလောင်းများကို ပထမဆုံးသေဆုံးသူတွေ့ရှိရာနေရာမှ မီတာ ၅၀ ခန့်အကွာရှိ နေရာအသီးသီးတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အစောပိုင်းက ကယ်ဆယ်ရေးသမားများသည် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး၊ ရုပ်အလောင်းနှစ်လောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး လေယာဉ်၏ black box ကိုလည်း ပြန်လည်ရယူနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။
လူ ၁၀ ဦးတင်ဆောင်လာသော ATR 42-500 လေယာဉ်သည် Yogyakarta မှ Makassar သို့ ဦးတည်ပျံသန်းစဉ် ဇန်နဝါရီ ၁၇ ရက်နေ့က ပျက်ကျခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments