ပြင်ဦးလွင်မြို့၌ မြေယာအသုံးချမှုနှင့်ပတ်သက်၍ အသိပညာပေး
ပြင်ဦးလွင် ဇန်နဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင်
မြေယာအသုံးချမှုနှင့်ပတ်သက်၍ အသိပညာပေး အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပြင်ဦးလွင်မြို့ရပ်ကွက်ကြီး
(၅)ရှိ မြို့တော်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြင်ဦးလွင်ခရိုင်စီမံခန့်ခွဲရေးနှင့်
အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထူးက အမှာစကား ပြောကြားသည်။
ဆက်လက်ပြီး ပြင်ဦးလွင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ
ဦးတင်အောင်လွင်က မြေယာအသုံးချမှုနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးပြောကြားပြီး ခရိုင်မြေစာရင်းဦးစီးဌာန၊
ခရိုင်သစ်တောဦးစီးဌာန၊ ခရိုင်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊
ပြည်တွင်းအခွန်ဦးစီးဌာန၊ ခရိုင်ဥပဒေအရာရှိ၊ ပြင်ဦးလွင်မြို့မိ/မြို့ဖအဖွဲ့ အတွင်းရေးမှူးနှင့်
ပြင်ဦးလွင်မြို့မိ/မြို့ဖအဖွဲ့ဥက္ကဋ္ဌတို့က မြေယာအသုံးချမှုနှင့်ပတ်သက်၍ အသိပညာပေး
ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments