ပြင်သစ်၊ အမေရိကန်ကုမ္ပဏီများနှင့် ကန်ဒေါ်လာ ဘီလီယံ ၂၀ ရှိမည့် ရေနံဆိုင်ရာသဘောတူညီချက် လစ်ဗျား လက်မှတ်ရေးထိုး



ထရီပိုလီ  ဇန်နဝါရီ  ၂၅

လစ်ဗျားဝန်ကြီးချုပ်  အဗ္ဗဒူလ် ဟာမစ်ဒီဘေဘာသည်    အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀ ကျော် ရင်းနှီးမြှုပ်နှံမည့် ရေနံဆိုင်ရာ သဘောတူညီချက်တစ်ရပ်ကို နိုင်ငံခြားကုမ္ပဏီနှစ်ခုနှင့် လက်မှတ် ရေးထိုးလိုက်ပြီဖြစ်ကြောင်း ဇန်နဝါရီ  ၂၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

လစ်ဗျားနိုင်ငံက  ပြင်သစ်နိုင်ငံအခြေစိုက် TotalEnergies ကုမ္ပဏီ၊ အမေရိကန်နိုင်ငံအခြေစိုက်    ConocoPhillips ကုမ္ပဏီတို့နှင့် ၂၅ နှစ်သက်တမ်းရှိ ရေနံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်ဒီဘေဘာက ၎င်း၏    တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာတွင်  ရေးသားဖော်ပြထားသည်။

အဆိုပါ သဘောတူညီချက်မှာ လစ်ဗျားနိုင်ငံပိုင် ဝါဟာရေနံကုမ္ပဏီအနေဖြင့် တစ်နေ့လျှင်  ရေနံ စည်ပေါင်း ၈၅၀၀၀၀  အထိ တိုးမြှင့်ထုတ်လုပ်နိုင်ရန်   ရည်ရွယ်ထားကြောင်း၊ ယင်းသို့ တိုးမြှင့် ထုတ်လုပ်မှုမှ    လစ်ဗျားနိုင်ငံအတွက် အသားတင်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၇၆ ဘီလီယံ ရရှိရန်    မျှော်မှန်းထားကြောင်း ၎င်းက  ဆက်လက်ပြောကြားသည်။

ထို့အပြင် ဒီဘေဘာသည် အမေရိကန်အခြေစိုက် ရှက်ဗရွန်ကုမ္ပဏီနှင့် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သလို အီဂျစ်နိုင်ငံ ရေနံနှင့်သယံဇာတဝန်ကြီးဌာနနှင့်လည်း   ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ  သဘောတူညီချက်မူကြမ်းကို လက်မှတ်ရေးထိုးခဲ့ကြောင်း  သိရသည်။    သို့သော် လည်း    နောက်ထပ်အသေးစိတ် အချက်အလက်များကို  ဖော်ပြထားခြင်းမရှိပေ။

ရေနံနှင့်   သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချခြင်းသည် လစ်ဗျားနိုင်ငံ၏  အဓိကဝင်ငွေရရှိရာ အရင်း အမြစ်များဖြစ်သော်လည်း  မကြာသေးမီ နှစ်များအတွင်း  ပြည်တွင်းပဋိပက္ခများနှင့် နိုင်ငံရေး    မတည်ငြိမ်မှုများကြောင့် ရေနံကဏ္ဍတွင် အနှောင့်အယှက်အဟန့်အတားများနှင့် ရင်ဆိုင်ကြုံတွေ့ ခဲ့ရကြောင်း သိရသည်။   

ဆင်ဟွာ

No comments

Powered by Blogger.