အိန္ဒိယနိုင်ငံ၌တောဆင်ရိုင်းတစ်ကောင်၏တိုက်ခိုက်ခံရမှုကြောင့် လူခြောက်ဦး သေဆုံး



ဇန်နဝါရီ ၈

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဂျာခန်ပြည်နယ်တွင် သီးခြားတိုက်ခိုက်မှုနှစ်ခုတွင် တောဆင်ရိုင်းတစ်ကောင်၏ နင်းခြေမှုကြောင့် မိသားစုဝင်လေးဦးအပါအဝင် လူခြောက်ဦးထက်မနည်းသေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ယမန်နေ့က ပြောကြားခဲ့သည်။

အဆိုပါတောဆင်ရိုင်းတိုက်ခိုက်မှုများသည် အနောက်ဆင်းဘမ်ခရိုင်Goilkera block ရှိ Sowan ရွာတွင် ဇန်နဝါရီ ၆ ရက်နေ့နှောင်းပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏နေအိမ်များအတွင်း အိပ်ပျော်နေစဉ် ဆင်တစ်ကောင်က အိမ်နံရံများကို ထိုးဖောက်ဝင်ရောက်ကာ အိမ်အတွင်းရှိလူများကို နင်းခြေခဲ့ကြောင်းနှင့် ဆင်ရိုင်းတိုက်ခိုက်မှုများကြောင့် ဒဏ်ရာရရှိသူ လေးဦးကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

Chaibasa ဒေသတွင် ဆင်များ၏တိုက်ခိုက်မှုကြောင့် သေဆုံးသူဦးရေသည် တစ်ပတ်အတွင်း ၁၅ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ဒေသခံသတင်းဌာန The Avenue Mail က ပြောကြားခဲ့သည်။

မြို့ပြဧရိယာများ တိုးချဲ့လာခြင်း၊ သစ်တောများ ခုတ်ထွင်ခြင်း၊ သစ်တောများ ကျူးကျော်ဝင်ရောက်ခြင်း၊ သစ်တောများရှိ ကြားခံဇုန်များ ပျောက်ကွယ်သွားခြင်း စသည်တို့သည် တောရိုင်းတိရစ္ဆာန်များကို လူနေဧရိယာများထဲသို့ တွန်းပို့ခြင်းအကြောင်းရင်းအချို့ဖြစ်သည်ဟု တောရိုင်းတိရစ္ဆာန်ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချိုa

No comments

Powered by Blogger.