ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း၌ အမှိုက်ပုံပြိုကျမှုဖြစ်ပွားသဖြင့် တစ်ဦးသေဆုံး၊ ငါးဦးဒဏ်ရာရ



ဇန်နဝါရီ ၉

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း စီဘူးမြို့ရှိ ရွာတစ်ရွာတွင် အမှိုက်ပုံပြိုကျမှုဖြစ်ပွားခဲ့ပြီးနောက် တစ်ဦးထက်မနည်း သေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။

ဘာရန်ဂေး ဘီနာလီတွင် အမှိုက်ပုံပြိုကျမှုဖြစ်ပွားပြီးနောက် ဒဏ်ရာရရှိသူငါးဦးကိုဒေသခံဆေးရုံများသို့ ပို့ဆောင်ထားကြောင်း စီဘူးမြို့ သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲမှုကောင်စီဥက္ကဋ္ဌ ဒေ့ဗ်တူမူလက်ခ်က ပြောကြားသည်။

အမှိုက်ပုံဧရိယာတွင် စုပုံထားသော အမှိုက်ပမာဏများပြားမှုကြောင့် အမှိုက်ပုံပြိုကျမှုဖြစ်ပွားသွားခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်ရက်များအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေဆီလွှာများ ပျော့ပျောင်းလာကာ မြေပြိုမှုများ ဖြစ်ပေါ်စေခြင်းကြောင့် အခြေအနေပိုမိုဆိုးရွားလာကြောင်း တာဝန်ရှိသူက ထပ်လောင်းပြောကြားခဲ့သည်။ ထိုပြိုကျမှုအောက်တွင်ပိတ်မိနေသည်ဟု ယူဆရသူများကို ရှာဖွေရေးကယ်ဆယ်ရေးလုပ်ဆောင်ရန် ကယ်ဆယ်ရေးသမားများ ယင်းနေရာသို့ ချက်ချင်း ရောက်ရှိလာသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.