၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယ(၁၀)ရက်ပတ်အတွင်း ဖြစ်ပေါ်နိုင်သည့် လာနီညာအခြေအနေသတင်း
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့ ထုတ်ပြန်ချက်
(က) အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ
(Tropical Pacific Ocean) ၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအနည်းငယ်ရှိသော
လာနီညာအခြေအနေတွင် ရှိနေပါသည်။ နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်လ်များ
ခန့်မှန်းချက်အရ ဇန်နဝါရီလ ဒုတိယ(၁၀)ရက်ပတ်အတွင်း အားအနည်းငယ်ရှိသော လာနီညာအဆင့်တွင်
ဆက်လက်တည်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။
( ခ ) လာနီညာဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင်
ဖြစ်ပေါ်သည့်ဖြစ်စဉ် ဖြစ်သော်လည်း အဆိုပါ လာနီညာဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ
ယေဘုယျအားဖြင့် အရှေ့ဘက်မှ လေပွေလှိုင်းများ တိုက်ခတ်ခြင်း၊ ကပ္ပလီပင်လယ်ပြင်နှင့်
ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းများ ပိုမိုဖြစ်ပေါ်လာနိုင်ခြင်း၊ ဒေသအချို့တွင်
ညအပူချိန်များ လျော့နည်းနိုင်ခြင်းနှင့် အချိန်အခါမဟုတ် မိုးရွာသွန်းမှုဖြစ်စဉ်များ
ပိုမိုဖြစ်ပေါ်လာခြင်း စသည့် ရာသီဥတုဖြစ်စဉ်များ ဖြစ်ပေါ်လေ့ရှိပါသည်။
( ဂ ) လာနီညာဖြစ်ပေါ်မှုနှင့် ပတ်သက်သည့် အခြေအနေများအား
အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန်ပေးပို့သွားမည် ဖြစ်ပါသည်။
Crd> မိုး/ဇလ

No comments