ကုန်ပစ္စည်းအမျိုးအစားခွဲခြားမှုဆိုင်ရာ မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဖွင့်လှစ်
ရန်ကုန် ဇန်နဝါရီ ၂၆
နိုင်ငံတကာရေးရာဌာနခွဲက ကြီးမှူးဖွင့်လှစ်သည့်
ကုန်ပစ္စည်း အမျိုးအစားခွဲခြားမှုဆိုင်ရာ မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို
ယနေ့မွန်းလွဲပိုင်းတွင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အကောက်ခွန်ဦးစီးဌာန စီမံခန့်ခွဲမှုနှင့်
လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲ လေ့ကျင့်ရေးဌာနစု သင်တန်းကျောင်း၌ ကျင်းပရာ
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊
သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဆွေးနွေးမှာကြား
အခမ်းအနားတွင် ဒုတိယဝန်ကြီးက သင်တန်းဖွင့်
အမှာစကား ပြောကြားပြီး အကောက်ခွန် သင်တန်းကျောင်း၌ စာရေးမွမ်းမံ သင်တန်းအမှတ်စဉ် (၁/၂၀၂၆)
ဖွင့်လှစ်သင်ကြားနေမှုကို ကြည့်ရှု၍ လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ကျောက်တံတားမြို့နယ်ရှိ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၌
ဝန်ထမ်းများ လုပ်ငန်းဆောင်ရွက်နေမှု၊ ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ် အမှတ်(၉)ရပ်ကွက်
အနော်ရထာလမ်းနှင့် (၄၇)လမ်းထောင့် အမှတ် (၁၄၇)ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာနရုံး
အဆောက်အအုံအကြီးစားပြင်ဆင် ဆောင်ရွက်နေမှုနှင့် လသာမြို့နယ်ရှိ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်
အဆောက်အအုံ အကြီးစားပြင်ဆင် ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို
ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments