အုတ်တွင်းမြို့နယ်၌ ငှက်ဖျားရောဂါနှင့်ပတ်သက်၍ကျန်းမာရေးအသိပညာပေး

 


အုတ်တွင်း ဇန်နဝါရီ ၁၄

 

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် ကျွဲပွဲမြို့ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး(၂) ဦးမင်းသိန်းဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ညောင်ချဉ်ကုန်းကျေးရွာရှိ ပြည်သူများအား ငှက်ဖျားရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ပြုလုပ်သည်။

 

ကျွဲပွဲမြို့ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး(၂) ဦးမင်းသိန်းက ငှက်ဖျားရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပြီး ဒေသခံပြည်သူ ၂၃ ဦးအား ငှက်ဖျားရောဂါပိုး ရှိ/မရှိ သွေးဖောက်စစ်ဆေးရာငှက်ဖျားရောဂါပိုးတွေ့ရှိသူမရှိပါကြောင်းနှင့် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသည့် ဒေသခံပြည်သူ ၁၂၆ ဦးအား ဆေးစိမ်ခြင်ထောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)

No comments

Powered by Blogger.