၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကွန်ပျူတာတက္ကသိုလ်(မကွေး) မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

 


မကွေး ဇန်နဝါရီ ၉

 

၂၀၂၅-၂၀၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ဆရာ ဆရာမများနှင့် မောင်မယ်သစ်လွင်များ တက်ရောက်ကြသည်။

 

ဦးစွာ ဒုတိယနှစ်ကျောင်းသူများက “အလှကမ္ဘာမြေ သီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြပြီး အခမ်းအနားကို ဖွင့်လှစ်သည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားမှာကြားပြီး ကွန်ပျူတာတက္ကသိုလ်(မကွေး) ဒုတိယ ပါမောက္ခချုပ်က အခမ်းအနား ကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းသည်။

 

ယင်းနောက် ကွန်ပျူတာတက္ကသိုလ်(မကွေး)မှ ပထမနှစ် ကျောင်းသား ကျောင်းသူများက တေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေကြသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၄-၂၀၂၅ ပညာသင်နှစ် သင်တန်းများတွင် ပညာရည်ချွန် ဆုရရှိခဲ့ကြသည့် ကျောင်းသား ကျောင်းသူများ၊ Science Festival Myanmar 2025 နှင့် (၇၈) နှစ်မြောက် လွပ်လပ်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား ဆုများပေးအပ်ပြီး ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)

No comments

Powered by Blogger.