ဂျပန်နိုင်ငံ တိုကျိုမြို့၌ ကွန်ဒိုအဆောက်အအုံဈေးနှုန်းများ ဆက်လက်မြင့်တက်
ဇန်နဝါရီ ၂၂
ဂျပန်နိုင်ငံ တိုကျိုမြို့၏ရပ်ကွက် ၂၃ ခုတွင် အသုံးပြုပြီးကွန်ဒိုအဆောက်အအုံများ၏ ဈေးနှုန်းများသည် ဒီဇင်ဘာလတွင် ပျမ်းမျှယန်း ၁၁၉ သန်းအထိ ရောက်ရှိနေပြီး ဆက်လက်မြင့်တက်လျက်ရှိကြောင်း ဖော်ပြထားသည်။
အိမ်ခြံမြေသုတေသနကုမ္ပဏီ Tokyo Kantei က စတုရန်းမီတာ ၇၀ ရှိသော တိုက်ခန်းတစ်ခု၏ ပျမ်းမျှစာရင်းဝင်ဈေးနှုန်းသည် ပြီးခဲ့သည့်လက ဒေါ်လာ ၇၅၅၀၀၀ ခန့်ရှိရာ ယခင်နှစ်ကထက် ယန်းငွေ ၃၇ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု ပြောကြားခဲ့သည်။
ချူအို၊ မီနာတိုနှင့် ရှီဘူရာ အပါအဝင် တိုကျိုမြို့ရှိ ဗဟိုရပ်ကွက်ခြောက်ခုတွင် ဒေါ်လာ ၁.၁၇ သန်းခန့် ရှိရာ ယန်းငွေ ၂၉ ဒသမ ၇ ရာခိုင်နှုန်းဖြင့် ပျမ်းမျှဈေးနှုန်း မြင့်တက်လာသည်ဟု သိရသည်။
ရီနာဂါဝါနှင့် စီတာဂါရာအပါအဝင် မြို့တော်၏ တောင်ပိုင်းနှင့် အနောက်ပိုင်းရပ်ကွက်ခြောက်ခုတွင် ဈေးနှုန်း ဒေါ်လာ ၆၁၃၀၀၀ ခန့် ရှိလာရာ ၂၆ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာကြောင်း၊ တိုကျိုတစ်မြို့လုံးတွင် ပျမ်းမျှဈေးနှုန်းသည်လည်း ယန်း ၁၀၂ သန်းကျော် သို့မဟုတ် ဒေါ်လာ ၆၄၇၀၀၀ နီးပါး ရှိလာရာ ၃၇ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာကြောင်းနှင့် ယန်းငွေ သန်း ၁၀၀ ထက် ကျော်လွန်သွားခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဖော်ပြထားသည်။ ပြည်သူများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုဆိုသည်ထက် နေအိမ်အဖြစ်ပင်ကွန်ဒိုတိုက်ခန်းများ ဝယ်ယူရန်ခက်ခဲလာသည်ဟု ၎င်းကဆိုသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို
No comments