ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ဆောင်ရွက်ထားရှိမှုများ ကြည့်ရှုစစ်ဆေး



ပုသိမ် ဖေဖော်ဝါရီ ၆

ရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ညနေပိုင်းက တိုင်းဒေသကြီး လွှတ်တော်ရုံး သို့ရောက်ရှိပြီး လွှတ်တော်ပင်မ အဆောက်အအုံ အစည်းအဝေးခန်းမ၊ ရေးရာကော်မတီခန်းများ၊ Call Room နှင့် ကိုယ်စားလှယ်ဧည့်ရိပ်သာတို့ကို ကြည့်ရှုစစ်ဆေးသည်။


ပေးအပ်ချီးမြှင့်

ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ ပုသိမ်ဟိုတယ်၌ပြုလုပ်သည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းများ သင်တန်း ဆင်းပွဲသို့ တက်ရောက်အမှာစကားပြောကြားပြီး သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်သည်။


အဆိုပါ သင်တန်းသို့ သင်တန်းသား ၅၁ ဦး တက်ရောက်ခဲ့ပြီး လေးပတ်ကြာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။


ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည့် တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေကော်မတီ အစည်းအဝေးအမှတ်စဉ်(၁/ ၂၀၂၆) သို့ တက်ရောက်အမှာ စကားပြောကြားပြီး ပုသိမ်မြို့ မရမ်းကျောင်းတိုက်၌ ဖေဖော်ဝါရီ ၈ ရက်တွင် ကျင်းပမည့် (၇၁)ကြိမ်မြောက် သုဓမ္မာဝိနယာဓိက စာပြန်ပွဲတော် စာအောင်ဆုနှင်းသဘင် အခမ်းအနားအတွက် အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်၍ အလှူငွေများ ပေးအပ်လှူဒါန်းကာ စာအောင်ဆုနှင်း သဘင်အခမ်းအနား ကျင်းပမည့်နေရာကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်) 

No comments

Powered by Blogger.