တိုကျိုမြို့ရှိ ၂၀၂၅ ခုနှစ် လူဦးရေသည် ယခင်နှစ်လူဦးရေအရေအတွက်အောက် အနည်းငယ်ကျဆင်းမှုရှိလာ
ဖေဖော်ဝါရီ ၃
ဂျပန်အစိုးရက တိုကျိုတွင် လူဦးရေ အလွန်အကျွံ စုပုံနေမှုလမ်းကြောင်းသည် ၂၀၂၅ ခုနှစ်က ဆက်လက်ဖြစ်ပေါ်နေကာအခြားခရိုင်များမှ လူဦးရေ ၆၅၀၀၀ ကျော် ဝင်ရောက်မှုရှိကြောင်း ပြောကြားသည်။
ပြည်ထဲရေးဝန်ကြီးဌာနက ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံခြားသားများ အပါအဝင် လူပေါင်း ၄၅၁၈၄၃ ဦးသည် မြို့တော်သို့ ပြောင်းရွှေ့နေထိုင်ခဲ့ရာ ယခင်နှစ်ကထက် ၉၆၁၁ ဦး ကျဆင်းသွားကြောင်း ပြောကြားခဲ့သည်။ အခြားခရိုင်များသို့ ပြောင်းရွှေ့နေထိုင်သူများ၏ ကိန်းဂဏန်းမှာ ၃၈၆၆၂၄ ဦး ရှိပြီး ၄၄၅၅ ဦး မြင့်တက်လာခဲ့သည်ဟု သိရသည်။
ဝန်ကြီးဌာနတာဝန်ရှိသူများက မြို့တော်တွင် လူဦးရေ စုပုံနေမှု ဆက်လက်ဖြစ်ပေါ်နေသည့် လမ်းကြောင်းကို အနီးကပ်စောင့်ကြည့်နေကြောင်း ပြောကြားခဲ့သော်လည်း ပြီးခဲ့သည့်နှစ်က လူဦးရေလျော့ကျသွားခဲ့သည်ဟု ဆိုသည်။
အခြားခရိုင်ခြောက်ခုတွင်လည်း လူဦးရေ အသားတင်ဝင်ရောက်မှုကို တွေ့ရှိခဲ့ရသည်။ ကာနာဂါဝါတွင် လူဦးရေ ၂၈၀၅၂ ဦး၊ ဆိုင်တာမာတွင် ၂၂၄၂၇ ဦးနှင့် အိုဆာကာတွင် ၁၅၆၆၇ ဦး ဝင်ရောက်မှုရှိသည်။ ထိုခရိုင်သုံးခုအပြင် ချီဘာနှင့် ဖူကူအိုကာ ခရိုင်များသည် လူဦးရေ ဝင်ရောက်မှု ဆက်လက်မြင့်တက်နေမှုကိုဖော်ပြခဲ့သည်။ ရှီဂါခရိုင်၏ လူဦးရေသည် ယခင်နှစ်က အသားတင်ထွက်ခွာမှုပြီးနောက် အသားတင်ဝင်ရောက်မှုစံချိန်တင်ခဲ့သည်။
ကျန်ခရိုင် ၄၀ တွင် လူဦးရေ အသားတင်ထွက်ခွာမှုကို တွေ့ရှိခဲ့သည်။ ဟီရိုရှီးမားခရိုင်တွင် လူဦးရေ ၉၉၂၁ ဦး အများဆုံးထွက်ခွာမှုရှိပြီး ဖူကူရှီးမားတွင် ၇၁၉၇ ဦး၊ ရှီဇူအိုကာတွင် ၆၇၁၁ ဦးနှင့် နီဂါတာတွင် ၆၃၇၉ ဦး တို့အသီးသီး အသီးသီး ထွက်ခွာမှုရှိသည်ဟု သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို
No comments