ကိုလံဘီယာနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၂၂ ဦး သေဆုံး



ဖေဖော်ဝါရီ ၁၁

ကိုလံဘီယာနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိသားစုထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး  လူ ၂၂ ဦး သေဆုံးကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

အဆိုပါသေဆုံးသူများအနက် ၁၄ ဦးသည်ကော်ဒိုဘာနှင့် ဆူကရီဒေသများတွင် သေဆုံးခဲ့ခြင်းဖြစ်ပြီး အိမ်ခြေ ၉၀၀၀ ထက်မနည်း ထိခိုက်ခဲ့ရကြောင်း ကိုလံဘီယာတာဝန်ရှိသူများက ဖေဖော်ဝါရီ ၉ ရက်ကအတည်ပြုခဲ့သည်။

ဒေသခံများသည် ခါးအထိနက်သောရေထဲတွင် ၎င်းတို့၏ပစ္စည်းများကို ဆယ်ယူရန် ကြိုးစားနေကြပြီး ခါးအထိနက်သော ရေထဲတွင် ၎င်းတို့၏ပစ္စည်းများကို ဆယ်ယူရန် ကြိုးစားလျက်ရှိကြောင်း ဖော်ပြထားသည်။

အမေရိကတိုက်မြောက်ပိုင်းမှ ကိုလံဘီယာ၏ကာရစ်ဘီယံကမ်းရိုးတန်းသို့ လေအေးတိုက်ခတ်မှုကြောင့် ပြီးခဲ့သည့်လကမိုးရေချိန်သည် သမိုင်းဝင်မိုးရေချိန်ထက် ၆၄ ရာခိုင်နှုန်း ပိုမိုရွာသွန်းခဲ့သည်ဟု အမျိုးသားရာသီဥတုအေဂျင်စီ Ideam က ပြောကြားခဲ့သည်။

ကိုးကား-အေအက်ဖ်ပီ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.