ဗီယက်နမ်နိုင်ငံသို့ တရုတ်နှစ်သစ်ကူးအားလပ်ရက်အတွင်း ခရီးသွား ၁၄ သန်းလာရောက်လည်ပတ်



ဖေဖော်ဝါရီ ၂၃

ဗီယက်နမ်နိုင်ငံသို့ ဖေဖော်ဝါရီ ၁၄ ရက်မှ ၂၂ ရက်အထိ ကိုးရက်ကြာ တရုတ်နှစ်သစ်ကူးအားလပ်ရက်အတွင်း ခရီးသွား ၁၄ သန်းခန့်လာရောက်လည်ပတ်ခဲ့ရာ ယခင်နှစ်ကထက် ၁၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ဗီယက်နမ်သတင်းဌာနက ယနေ့တွင် ဖော်ပြထားသည်။

တောင်ပိုင်းမြို့ဖြစ်သော ဟိုချီမင်းမြို့သည် လာရောက်လည်ပတ်သူ ၄ ဒသမ ၃၂ သန်းခန့်ဖြင့် အများဆုံးစံချိန်တင်ခဲ့ပြီး ခရီးသွားလုပ်ငန်းဝင်ငွေ ဗီယက်နမ်ဒေါင် ၁၂၁၅၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၆၈ သန်းခန့်) ရရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ခရီးသွားအများအပြားကို ဆွဲဆောင်သည့် အခြားနေရာများတွင် မြို့တော်ဟနွိုင်း၊ မြောက်ပိုင်းပြည်နယ်များဖြစ်သော နင်ဘင်းနှင့် ကွမ်နင်၊ အလယ်ပိုင်းမြို့ ဒါနန်နှင့် တောင်ပိုင်းပြည်နယ် အန်ဂျိုင်တို့ ပါဝင်သည်ဟု သိရသည်။

 ၂၀၂၆ ခုနှစ်တွင် နိုင်ငံတကာခရီးသွား ၂၅ သန်းနှင့် ပြည်တွင်းခရီးသွားဦးရေ သန်း ၁၅၀ လာရောက်လည်ပတ်ရန် ရည်မှန်းထားကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.