ထားဝယ်ချောင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံအား မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်
ရန်ကုန် ဖေဖော်ဝါရီ ၁၀
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)
မြို့နယ်ရှိ ထားဝယ်ချောင်နောက်ဆုံး စွန့်ပစ်အမှိုက်ပုံအား မီးလောင်မှု/ မီးလန့်မှုများ
မဖြစ်ပေါ်စေရေးအတွက် မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို ဖေဖော်ဝါရီ ၆ ရက်က ဆောင်ရွက်ခဲ့ကြောင်း
သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မီးသတ်ယာဉ်/စက်များ၊
မီးသတ်ပစ္စည်း ကိရိယာများနှင့် ရေရရှိရေး ဆောင်ရွက်ထားရှိမှုများကို ဒဂုံမြို့သစ်
(မြောက်ပိုင်း) မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးတင်ထွန်းအောင်နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)
မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမျိုးမြင့်အောင်တို့ ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင်
၁၀ ဦးတို့ဖြင့် သွားရောက် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ တာဝန်ခံဌာနစုမှူး ဦးသောင်းထိုက်နှင့်
ဝန်ထမ်းများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင့်မြင့်ရီ

No comments